ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ခရီးထွက်မယ်

အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ စည်းရုံးရေး ခရီးစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၉ ရက်က စပြီး မြိတ်၊ ထားဝယ်၊ မန္တလေးနဲ့ ပုသိမ်မြို့တွေကို သွားမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို ဒီကနေ့ ပြောပါတယ်။
2012-01-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA)
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA)
AFP

ဒီခရီးစဉ်ဟာ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးဖို့ မဟုတ်ပေမယ့် လူထုရဲ့ တောင်းဆိုချက်အရ မိန့်ခွန်း ပြောကြားတာတွေ ရှိနိုင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် မနှစ်က သြဂုတ်လအတွင်း ပဲခူးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အစိုးရ အာဏာပိုင်တွေ ဘက်က ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီအတောအတွင်း မကြာခင်က အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာခဲ့တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ညနေပိုင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံကြဖို့ရှိပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

Have a good trip!

Jan 24, 2012 07:27 PM

အမည်မဖော်လိုသူ

It's a good trip!

Jan 24, 2012 07:26 PM

ဆိုက်တခုလုံးသို့