ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ဋ္ဌေးက ပြောပါတယ်။

2012.08.22
theinsein-assk-mix-b305 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့် ဘာတွေပြောဆို ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဗိုလ်မှူးကြီး ဇော်ဋ္ဌေးက မပြောပါဘူး။

အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဆွေးနွေးမှု အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။