သီတဂူဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံ
2011.06.15
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဒဂုံ မြို့နယ်မှာ ရှိတဲ့ သီတဂူ ဗုဒ္ဓ တက္ကသိုလ်ကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးဉာဏိဿရကို တွေ့ဆုံ ဖူးမျှော်ခဲ့စဉ်။
RFA
"ဆရာတော်ဘုရားကြီးနဲ့ တွေ့တဲ့အခါမှာ ဆရာတော် ဘုရားကြီးက သူ ဗုဒ္ဓ တက္ကသိုလ် ဖွင့်လှစ်ထားတဲ့ အခြေအနေတွေနဲ့ နောက်သာသနာ အကျိုး ဆောင်ရွက်ထားချက်တွေကို မိန့်ကြားပါတယ်။ နောက် ဗုဒ္ဓသမိုင်းနဲ့ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အချက်တွေ စုဆောင်းထားပုံကိုလည်း ရှင်းပြပါတယ်။ အထွေထွေ အတွင်းရေးမှူးကလည်း ဝမ်းမြောက်ဝမ်းသာ နာယူပါတယ်။ "
ညနေ (၅) နာရီထိ ဆရာတော်နဲ့ ဆွေးနွေးပြောဆိုကြပြီးနောက် ဗုဒ္ဓ တက္ကသိုလ်မှာပြင်ဆင်ဆောင်ရွက် ထားချက်တွေကို ဆရာတော်က လိုက်လံပြသခဲ့ပါတယ်။
မြောက်ဒဂုံမြို့မှာရှိတဲ့ သီတဂူ ဆရာတော်ရဲ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို လာမယ့် ဇွန်လ (၁၆) ရက်နေ့ကနေ (၂၁) ရက်နေ့ အထိ ငါးရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကို အစိုးရ အာဏာပိုင်တွေ အပြင် နိုင်ငံရေး ပါတီတွေကိုလည်း တက်ရောက်ဖို့ ဆရာတော်က ဖိတ်ကြားထားပါတယ်။









