လူထုနဲ့ ဒေါ်အောင်ဆန်းကြည် အစီအစဉ်

"ဖြစ်စေချင်သည် ဖြစ်စေ၊ မဖြစ်စေချင်သည် ဖြစ်စေ၊ တချို့ကိစ္စတွေက ဖြစ်သွားတဲ့အခါမှာ အကောင်းဆုံးရလာဒ်ရအောင်သာ ကြိုးစားရမယ်လို့ ထင်ပါတယ်။

2011.06.17
assk_96th_bogyoke_birthday_305_z ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP)
(Photo: AFP)

အာရပ်နိုင်ငံတွေမှာ ဖြစ်နေတာမျိုး မြန်မာနိုင်ငံမှာ မဖြစ်ဘူးလို့လည်း တပ်အပ် ပြောလို့ရနိုင်မယ်လို့ မထင်ပါဘူး။ ဒါက တိုင်းပြည် အုပ်ချုပ်သူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေပေါ်မှာ အခြေခံပြီး အဖြေပေါ်လာမယ်လို့ ထင်ပါတယ် "….

" နိုင်ငံရေး ပါတီတခုဟာ စီးပွါးရေး လုပ်ငန်း လုပ်ကိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရှိနိုင်မယ် ဆိုတာကို NLD က ထောက်ပြခဲ့ပါတယ်။ နိုင်ငံရေးက တဖက်၊ စီးပွါးရေး လုပ်ငန်းက တဖက်ဆိုရင် နှစ်ဖက်စလုံး ရှုတ်ရှုတ်ထွေးထွေးနဲ့ မအောင်မမြင်တွေ ဖြစ်နိုင်ပါတယ် " လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းက မပပ၊ ပဲခူးတိုင်းက ဦးမောင်မောင်၊ ကရင်ပြည်နယ်က စောထဲနေ တို့အပြင် ထိုင်းနိုင်ငံက ကိုစိုင်းအေးနဲ့ မမူမိုးလေး၊ မလေးရှာက အရှင်ခေမိကနဲ့ အီတလီနိုင်ငံက မငီးမူစိုးတို့က ဒီတပတ်မှာ ပါဝင်မေးမြန်းထားကြပါတယ်။

လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဇွန်လ ၁၇ ရက်)
အသံဖိုင်ယူရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။