ကိုအောင်ကိုထွေး မနက်ဖြန် ထောင်က လွတ်မည်

2019-09-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကိုအောင်ကိုထွေး ကို ဗိုလ်တထောင်မြို့နယ်တရားရုံးကို ၂၀၁၈ ဇူလိုင်လ ၃၁ ရက်နေ့က ရုံးထုတ်စဉ်
ကိုအောင်ကိုထွေး ကို ဗိုလ်တထောင်မြို့နယ်တရားရုံးကို ၂၀၁၈ ဇူလိုင်လ ၃၁ ရက်နေ့က ရုံးထုတ်စဉ်
Photo: Aung Thain Kha/RFA

ကလေးစစ်သားဟောင်းဘဝ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး RFA ကို ဖြေကြားခဲ့ရာကနေ  ထောင်ဒဏ်ချမှတ်ခံ ခဲ့ရတဲ့ ကိုအောင်ကိုထွေးဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် အင်းစိန်ထောင်ကနေ မနက်ဖြန် လွတ်မြောက်တော့ မှာဖြစ်ကြောင်း သူ့ရဲ့ ယောက်ဖဖြစ်သူ ကိုရဲဇော် က ပြောပါတယ်။

တပ်မတော်က နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီးနောက် သူဟာ ထောင်ဒဏ် ၂ နှစ်၊ တရားရုံး မထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။

ကိုအောင်ကိုထွေးကို ဝန်းရံခဲ့ကြတဲ့အတွက် အစ်မဖြစ်သူ မနေဇာထွန်း အပါအဝင် သုံးဦးကို ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲ ဆိုထားတဲ့အတွက် အင်းစိန်ထောင်မှာပဲ အထိန်းသိမ်းခံထားရပါတယ်။

မနေဇာထွန်းဟာ အစာအိမ်နဲ့ ပတ်သက်ပြီး ဆေးကုသမှု လိုအပ်နေတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့