ABSDF (မြောက်ပိုင်း) ဒုဥက္ကဋ္ဌကို ဒုတိယအကြိမ် ရုံးထုတ်

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံထားရတဲ့ ABSDF (မြောက်ပိုင်း) ဒုဥက္ကဋ္ဌ ရဲဘော်အောင်ဆွေဦး အပါအဝင် သုံးဦးကို ဒီကနေ့ မိုးညှင်းမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တရားဘက်က သက်သေတွေကိုသာ စစ်ဆေးခဲ့တယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးတင်လှိုင်က RFA ကိုပြောပါတယ်။

တရားစွဲခံရတဲ့ ရဲဘော်အောင်ဆွေဦး အပါအဝင် သုံဦးဟာ မိုးညှင်းမြို့က ABSDF အဖွဲ့ဝင်ရဲ့ နာရေးကို တက်ရောက် တာကို အကြောင်းမကြားခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ညပိုင်းမှာ ဖမ်းဆီးခဲ့လိုက်တာဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဟာ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ABSDF အဖွဲ့ကလည်း ဒီကိစ္စကို ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။