ရွှေည၀ါ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ

2015-03-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရွှေညဝါဆရာတော် အရှင်ပညာသီဟကို ဖူးမြင်ရစဉ်
ရွှေညဝါဆရာတော် အရှင်ပညာသီဟကို ဖူးမြင်ရစဉ်
RFA

ဗုဒ္ဓဘာသာတရားတော်နှင့် မသက်ဆိုင်သော အကြောင်းအရာများ ဟောကြားတဲ့အတွက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ရွှေည၀ါဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာက မတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်တဲ့စာဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပတဲ့ ၄၇ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့တာ လို့ ဆိုပါတယ်။ ဒီစာထုတ်ပြန်လိုက်ကြောင်းကြား သိရပေမဲ့  ခုချိန်အထိ လက်ထဲကို စာမရောက်သေးဘူး လို့ ရွှေည၀ါဆရာတော်က မိန့်ကြားပါတယ်။

အဲဒီစာမှာ ရွှေည၀ါဆရာတော် ဦးပညာသီဟကို သဃာ့နာယကအဖွဲ့ရဲ့ ဆိုဆုံးမတာကို နာခံမူမရှိသူ ‘ဒုဗ္ဗစ’ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားသလို ဓမ္မကထိကဂုဏ်အင်္ဂါနဲ့ မညီတဲ့အတွက် တရားဟောခြင်းကို ပိတ်ပင်ကြောင်း ရေးသားထားပါတယ်။

ရွှေည၀ါဆရာတော်ကို နိုင်ငံတော်သံဃာ့နာယကအဖွဲ့က အလားတူပိတ်ပင်တဲ့အမိန့်ကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလက တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဦးတင်အောင်ခိုင်ရဲ့ ရွှေည၀ါဆရာတော်နဲ့ ဆက်သွယ်လျှောက်ထားချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (6)
Share

Ba Hman

နေရပ်- Myanmar

မဘသ လဲ ဘာသာရေး သန့် သန့်  မလုပ်ဖဲ နိုင်ငံရေး ဆန်ဆန် အလုပ်တွေ လုပ်နေတာပဲ။ အာဏာရှင် ဘက် လိုက်တာနဲ့  ပြည်သူဘက် လိုက်တာပဲ ကွာတယ်။

Mar 31, 2015 07:50 PM

(

မဘသ ကို ဘာလို့  ထိခိုက်ရတာလဲ မဘသက နင့်ကို ဘာလုပ်လို့လဲ


Mar 31, 2015 11:04 AM

အမည်မဖော်လိုသူ

“မဘသ”ဆိုတာ ဦးဝီရသူ က အာဏာပိုင်အလိုကျ ဖွဲ့စည်းထားတဲ့ “၉၆၉”တဖြစ်လဲ ၊ အမျိုးး ဘာသာ သာသနာအတွက် တကယ် စိတ်အားထက်သန်တဲ့ ဆရာတော်တွေကို ခုတုံးလုပ် ရှေ့တန်းတင်ထားတဲ့အဖွဲ့
ဖြစ်နေလို့ပါပဲ။

Mar 31, 2015 01:54 PM

အမည်မဖော်လိုသူ

Ma Bha Tha and Ma Ha Na are different. May be he didn't know that or just tried to defame Ma Bha Tha.

Apr 01, 2015 04:44 PM

အမည်မဖော်လိုသူ

Fair and Square , You are absolutely right

Mar 31, 2015 02:33 AM

အမည်မဖော်လိုသူ

တရားစစ်​မ​ဟောတဲ့အတွက်​ပိတ်​သင့်​ပါတယ်

Mar 31, 2015 02:07 AM

ထူးအောင်

မဘသရဲ့ အားနည်းချက်ကို ထောက်ပြလို့
တရားဟောခွင့် ပိတ်ပြီ

Mar 30, 2015 09:06 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့