လက်ပံတောင်းမှာ လယ်တီသိမ်တော် ဝင်ရောက်ခွင့်ပြဿနာ ပြေလည်


2013.11.08
lpt-monastry305.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့ စေတီဟောင်းကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ လယ်တီဆရာတော် ရဲ့ သိမ်တော်ကို မနက်ဖြန်မှာ ဝင်ရောက်ဖူးမြော်ဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

အဲဒီလိုဝင်ရောက်ဖူးမြော်ခွင့်ကို မနက်ဖြန်တစ်ရက်တည်း အတွက် ခွင့်ပြုတာဖြစ်ပြီး တခြားရက်တွေမှာ ဝင်ရောက် ဖူးမြော်မယ်ဆိုရင်တော့ သက်ဆိုင်ရာအသီးသီးကို ခွင့်ပြုချက်တောင်းယူရမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေသခံတွေ နဲ့ ကြေးနီစီမံကိန်းအနီး မိုင်းမြို့ဦးကျောင်းတိုက်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့တယ်လို့ အလယ်တောရွာသူမစန္ဒာက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက လယ်တီသိမ်တော်ကို အာဏာပိုင်တွေက ဒေသခံတွေကို ဝင်ရောက်ခွင့်ပိတ်ထားတယ်လို့သိရသလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရဟန်းသံဃာတချို့နဲ့ ဒေသခံတချို့ဟာ အခုလ၂ရက်နေ့ကစပြီး ထိုင်သပိတ် ဆန္ဒပြနေကြနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့မှာ ဒေသခံတွေနဲ့ လာရောက်ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။