အာဏာပိုင်တွေ ကိုယ်တိုင် ဥပဒေတွေ လိုက်နာဖို့

ပြဋ္ဌာန်းပြီး ဥပဒေတွေကို အာဏာပိုင်တွေ ကိုယ်တိုင် လေးစား လိုက်နာ အကောင်အထည် ဖေါ်ဖို့ တိုင်းရင်းသား လွှတ်တော် အမတ်တွေ ကြိုးစားနေကြောင်း ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-12-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)
(Photo Courtesy of RNDP)

အထူးသဖြင့် ရခိုင်ပြည်နယ်က ထုတ်ပယ်ခံရတဲ့ လွှတ်တော်အမတ် တစ်ဦးရဲ့ အယူခံနဲ့ ပတ်သက်လို့ လာမယ့် ဒီဇင်ဘာ ၉ ရက် တရားလွှတ်တော်ချုပ်ရဲ့ အဆုံးအဖြတ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ ဆိုတာ ပထမဆုံး အကြိမ် တရားဝင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းလောက်က တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်ဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲနေတာမို့ ပြင်ဆင် ပြဋ္ဌာန်းပေးဖို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးရဲ့ လျှောက်ထား တင်ပြချက်ကို နေပြည်တော် အခြေခံ ဥပဒေ ခုံရုံးက ကြားနာ စစ်ဆေးခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း တရားရုံးချုပ် ကိုယ်တိုင် လိုက်နာဖို့ တိုင်းရင်းသား လွှတ်တော်အမတ်တွေ အခြေခံဥပဒေ ခုံရုံးမှာ လျှောက်ထားတဲ့ အကြောင်း မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

အစ္ကုိႀကီးရုိ ့ ဗမာတိ အုပ္ခ်ဳပ္နိန္ကာလပတ္လုံး
အေပုတ်ထဲက အေပဲးတိရာ ဇာဗာမာပဲတက်တက်
လူမျိုးကြီးဝါဒ အုပ်စိုးမယ်ဆော်စွာ ရခိုင်သား
တိ အားလုံးသတိထားကတ်ရပါဖို့ . အောက်
သားတိပါးမှာ ကျွန်စိတ်ပေါက်နီကတ်တေ ရခိုင်
သားတိ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးအတွက် လုပ်
ပီးရဖို့ အချန်တန်နီဗျလ်.. ရာလို့ တိုက်တွန်းနိုး
ဆော်အပ်ပါရေ...။

Dec 05, 2011 11:44 PM

ဆိုကျတခုလုံးသို့