ဒုက္ခသည်အရေးတောင်းဆိုလို့ ထောင်ကျခံရသူ ၃ ဦးကို ဆုချီးမြှင့်
2019.02.13
ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
စစ်ပွဲကြား ပိတ်မိနေတဲ့ပြည်သူတွေ လွတ်မြောက်ရေး လှုပ်ရှားမှု ဦးဆောင်ရင်း ဖမ်းဆီးထောင်ချခံထားရသူတွေ ဖြစ်တဲ့ ကိုလွမ်းဇောင်း၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို WMR ကချင်အတိုင်ပင်ခံအဖွဲ့ နဲ့ World Kachin Congress တို့က Human Rights Award ဆု ဒီနေ့ ချီးမြင့်လိုက်ပါတယ်။
အဲဒီ အခမ်းအနားကို ကချင်ရိုးရာ မနောင်ကွင်း မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေအပါအဝင် တစ်ထောင်ခန့် တက်ရောက် ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။
သူတို့ ၃ ဦးကို တပ်မတော်က အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတာကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ် ၆ လ နဲ့ ငွေဒဏ် ၅သိန်းစီ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။









