ပုဂံမှာ ဆန္ဒပြ

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေ အတွင်းမှာ ပုဂ္ဂလိက ဟိုတယ် တည်ဆောက် တာတွေကို ကန့်ကွက်တဲ့ အနေနဲ့ ဒေသခံ လူထု (၅၀၀)ခန့်က အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ မနက် (၉)နာရီ မှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး (၁)နာရီကြာ တရားဝင် လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

2012.10.22
pagan_sunset_305px.jpg ပုဂံ ရြေး္ဘမိြႚဟောင်း နေဝင်ခဵိန် ႟ခြင်းူဖစ်ပၝသည်။ (Photo: AFP)
(Photo: AFP)

ဒီကနေ့ ဆန္ဒပြပွဲမှာ ဒေသခံတွေဟာ မြန်မာထရယ်ရှားဟိုတယ် (Myanmar Treasure Hotel) ရှေ့ကနေ အာနန္ဒာ ဘုရားတောင်ဘက်မုခ်အထိ ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။

ပုဂံရှေးဟောင်းနယ်မြေတွေအတွင်းမှာ ဒေသခံတွေကိုတော့ ရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာနက နေထိုင်ခွင့် ပိတ်ပင်ထားပေမယ့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုတော့ ဟိုတယ်လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပေးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟိုတယ် တချို့ဟာ ဘုရားဖူးသွားတဲ့ လမ်းတွေကို ပိတ်ပြီး တည်ဆောက်ထားတာတွေရှိသလို၊ စေတီပုထိုး တွေကြားမှာ အဆောက်အဦးတွေ တည်ဆောက်ထားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွေ အတွင်းမှာ ဧဒင်ဟိုတယ်၊ အသောက ဟိုတယ်တွေက ဆောက်လက်စဖြစ်ပြီး Adviser Tours ကုမ္ပဏီကတော့ စတင်ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂူပြောက်ကြီးစေတီနဲ့ ဂူပြောက်လေးစေတီကြားမှာ မြင်းကျား ဓါတ်မြေသြဇာ ကုမ္ပဏီနဲ့ လုပ်ငန်းရှင် တစ်ဦးရဲ့ စိုက်ပျိုးရေးခြံ တစ်ခြံ ဆောက်လုပ်ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။