သပိတ်စစ်ကြောင်းမှ ရရှိငွေများ သင်္ကြန်အပြီး ဗကသ ရှင်းမည်

2016-04-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လက်ပံတန်းမြို့မှာ ၂ဝ၁၅ ခုနှစ် မတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားခြင်းကိုခံရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ကို တွေ့ရစဉ်
လက်ပံတန်းမြို့မှာ ၂ဝ၁၅ ခုနှစ် မတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားခြင်းကိုခံရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားပညာရေးဥပဒေ သပိတ်စစ်ကြောင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ ဘဏ္ဍာငွေ စာရင်းကို သင်္ကြန်ကာလအပြီး မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်မယ် လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကျောင်းသားသပိတ် လမ်းကြောင်းတစ်လျှောက်မှာ အလှူငွေ ကျပ်သိန်းကိုးထောင် ရရှိခဲ့တယ်ဆိုပြီး ပြောဆိုနေ တာတွေကြောင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန် ပေးမှာဖြစ်တယ်လို့ကျောင်းသားသပိတ်ကာလအတွင်း ဘဏ္ဍာရေးမှူး တာဝန်ယူခဲ့တဲ့ ဗကသ ကျောင်းသူ မဟန်နီဦး က ပြောပါတယ်။

"စာရင်းဇယားတွေနဲ့လည်းရှိတယ်၊ တကယ်တော့  သိန်းကိုးထောင် ဆိုတာမဖြစ်နိုင်တာ အားလုံး သိပြီးသား လို့ ကျမတို့ယုံတယ်၊  ကျမတို့လမ်းတောက်လျှောက် မှာလည်း ပြည်သူတွေရဲ့ကျွေးမွေးမှုတွေ နဲ့သာ  သွားလာခဲ့တယ်၊ သတင်းစာရှင်းလင်းပွဲကို ဗကသရှေ့ဆက်မယ့်လုပ်ငန်းစဉ်နဲ့  ပတ်သက်တာတွေ ဘဏ္ဍာရေးနဲ့ တွဲပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့  အစီအစဉ်တော့ရှိတယ်"

ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလက မန္တလေးကနေ စတင်ခဲ့တဲ့ ကျောင်းသားသပိတ် စစ်ကြောင်းဟာ အလှူငွေ ကျပ်သိန်း ကိုးထောင် ရရှိထားကြောင်း ဖေ့ဘွတ်စ် မှာ ဝေဖန်ပြောဆိုမှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး မသမာမှုရှိတယ်လို့ စွပ်စွဲပြောဆိုလို သူတွေအနေနဲ့ အချက်အလက် အထောက်အထား သက်သေနဲ့ တကွ ပြောကြဖို့၊ အကြောင်းအရာ ခိုင်လုံတယ်ဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလဲ ကြေညာချက်မှာ ပါရှိပါတယ်။

ကွန်မင့်များ (7)
Share

ပြန်ဆန်းစစ်ပါ

အာဏာရှင်စံနစ်ကိုမကြိုက်လို့ ပြောင်းလဲ လာပီး အခုအမည်မဖော်လိုသူ
ပြောသလို ပြည်သူကမတောင်းဆိုဖူး ဒါကြောင့်ရှင်းစရာမလိုဖူးအဓိပ္ပါယ်
သက်ရောက်တဲ့လက်လွတ်စ
ပယ် သဘောလျှောက်ပြောနေရင်ကိုယ်လည်း
အာဏာရှင်နဲ့ မခြားဖြစ်သွားပီပေါ့။ ရပ်ကွက်ထဲကဆွမ်းလောင်းအသင်းအပါ
အဝင် ဘယ်အသင်းအဖွဲ့ မဆို ငွေကြေးနဲ့  ပတ်သက်လာရင် ရှင်းလင်းပေးရတယ်
ဒါကြောင့်နှစ်သစ်မှာနှစ်ဟောင်းကမျက်မှန်
စိမ်းကိုချွတ် ပီး စိတ်သစ်လေးနဲ့  အဖြူရောင်မျက်မှန်တလက်တတ်နိုင်ပါ
စေအမည်မဖော်လိုသူ
အတွက်ဆုတောင်းပေးပါတယ်

Apr 15, 2016 02:40 AM

တက္ကသိုလ်ကျောင်းတော်ကြီးက သင်ပေးလိုက်ပါတယ်

အမည်မဖော်လိုသူက တက္ကသိုလ်မှာ အသင်းအဖွဲ့ မှာမလုပ်ဖူးဖူးနဲ့ တူတယ်။
ဘာသာရပ်တိုင်းမှာဘာသာရပ်အသင်းရှိပီး
Fresher Welcome ကစပီးဆရာကန့် တော့ပွဲအဆုံး ကျောင်းအသင်း လူမူရေး ကိတ်စများကိကျောင်းသားများက ဦးစီးလုပ်တာ တဦးချင်းထည့်ဝင်ရတာရှိသလို သီးခြားအလှူရှင်ကပံပိုးပေးတာလည်းရှိတယ်။ဘာပွဲဖြစ်၂ပီးသွားရင်စာရင်းဇယားနဲ့ အများသိအောင်ရှင်း ရသလိုကြော်ငြာမှာ လည်း ဘဏ္ဍာရေးရှင်းတမ်းကပ်ထား ပေးရတယ်။ကျောင်းတော်ကြီးက အသင်းအဖွဲ့ မှာစည်းနဲ့ ကမ်းနဲ့ နေတတ် အောင် ငွေကြေး ဘယ်လိုစီမံခန့် ခွဲရလဲသင်ပေးတာ။ အရင်အစိုးရတွေအခု အစိုးရ တွေပြော မနေနဲ့ ။ငွေကြေးဆိုတာပြည်သူကပဲလှူ၂ ကောက်ပဲခံခံပြန်ရှင်းရတယ်။ဒါကို
အခုပြောနေတဲ့တာဝန်ခံမူတာဝန်ယူမူ
Responsibility နဲ့ Accountability နဲ့ ပွင့်လင်းမြင်သာမူTransparancy လို့ ခေါ်
တယ် တက္ကသိုလ်ကျောင်းသားစစ်ရင် ဒါကို
နားလည်တယ်

Apr 15, 2016 02:13 AM

သီဟတင်စိုးကိုသွားသတိရမိတယ်

သစ်ထူးလွင်မှာ စိုပြေရေးထားတဲ့ တော်လို့  လှန်လို့ မပြီးသေးပါ ဆောင်းပါးထဲမှာ
သီဟတင်စိုးနဲ့ နေလင်းထက်အပြန်အလှန်
စကားပြောခန်းကိုရေးထားတာသွားသတိရမိတယ်
သီဟတင်စိုးက နေလင်းထက်ကို " မင်းကလည်းကွာငါတို့ အရွယ်ကြီးတွေကဖြင့်
ကျောင်းသားတော်လှန်ရေးကားရိုက်လို့ ဖြစ်ပါ့မလား" လို ပြောတော့
နေလင်းထက်က
"ဖြစ်ပါတယ်ကိုကြီးရာ..အခုကျောင်းသားဆို
သူတွေကလည်းကျုပ်တို့ နဲ့ နင်လားငါလားပါ
ပဲ" တဲ့
"

Apr 15, 2016 01:54 AM

အမည်မဖော်လိုသူ

ကျောင်းသားတွေဟာ ကလေးသာသာပဲ ရှိတာ စါရင်းတွေအင်းတွေ သေသေချာချာ လဲထားမှာ မဟုတ်ဘူး ဆို ပြီး သူတို့ လက်ထက်မှာ သူတို့ ကိုဆန့် ကျင်ခဲ့တဲ့ အညှိုးကြီးနဲ့ ပြည်သူငြိုငြင် မလားဆိုပြီးလုပ်တာပါ။ ၇ိုး၇ိုးပြည်သူကတော့ အစတည်းက စေတနာနဲ့  လှူဌါန်းထားတာ ဆိုတော့ ကျောင်းသားတွေ အပေါ်မျာ ကြေနပ်တယ်။ အဲဒါ ပြည်သူ ၈၀% ရဲ့  ဆန္ဒပဲ။

Apr 13, 2016 09:37 PM

ပြည်သူတွေသိပါတယ်

ကျောင်းသားခေါင်းဆောင် အောင်ဆန်းမှိုင်း
နဲ့ အခြားခေါင်းဆောင်တွေဆို တော်တော်အရွယ်တင်တဲ့ကလေးတွေပဲ

ဒါကြောင့်ပြည်သူတွေကဘယ်ကျောင်းသားက
ကလေးလေးတွေဆိုတာသိပါတယ်။

Apr 15, 2016 02:44 AM

အမည်မဖော်လိုသူ

ရိုးရိုးပြည်သူတွေက အစတည်း ကပြည်သူ့ အကျိုးဆောင်ရွက်တဲ့ ကျောင်းသားတွေ မို့ စေတနာ နဲ့ လှူဌါန်းခဲ့တာမို့  စါရင်း၇ှင်းရှင်း မရှင်းရှင်း မတောင်းဆိုဘူး။ တောင်းဆိုတဲ့သူတွေက အာဏာရျင်တွေ ကိုဆန့် ကျင် ခဲ့တဲ့ကျောင်သားတွေ မို့  သိက္ခာ ချချင်တဲ့ သဘောနဲ့ တောင်းဆိုတာ။ အဲဒီလူတွေ ပထွေးအာဏာရှင်တွေကို တခါမှ တရုပ်ဆီက ဘီလီယံ ချီပြီး လာဘ်စားခဲ့တာ ဦးပိုင်က ပြည်သူပိုင်လုပ်ငန်းကြီးတွေ ကို ဈရင်းမရှိယူသွား ခုထိ စါရင်းစစ် မခံတာတွေ ကို မပြောဘူး။

Apr 13, 2016 09:30 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့