ဘန်းချောင်း ကျောက်မီးသွေး တွင်းကိစ္စ ထိုင်းလူ့အခွင့် အရေးကော်မရှင်ကို တိုင်ကြား

2017-06-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလက တိုင်းအစိုးရအဖွဲ့တွေ သွားရောက်စစ်ဆေးစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလက တိုင်းအစိုးရအဖွဲ့တွေ သွားရောက်စစ်ဆေးစဉ်
Photo: Tanintharyi Regional Government/ Facebook

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့ ကုန်းချောင်းကြီးကျေးရွာမှာ ထိုင်းကုမ္ပဏီတွေ လုပ်ကိုင်နေ တဲ့ ဘန်းချောင်းကျောက်မီးသွေး သတ္တုတွင်းစီမံကိန်းကြောင့် ဒေသခံတွေ ထိခိုက်ခံစားနေရတာတွေနဲ့ ပတ်သက် ပြီး ဒေသခံ ၁၃၀ ကျော်က ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။

ဒေသခံတွေ ရင်ဆိုင်နေရတဲ့ ထိခိုက်နစ်နာမှုတွေကို သိအောင် ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ လာရောက်လေ့လာစေချင်တယ်လို့ ဘန်းချောင်းဒေသ ပြည်သူလူထုတည်တံ့ခိုင်မြဲရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဦးစောတင်ဦးက ပြောပါတယ်။

"လာပြီးတော့ ကွင်းဆင်းစစ်ဆေးပါ။ လာရောက်ရင် ကျနော်တို့ ခံစားနေရတဲ့နေရာဒေသရော၊ ကျန်းမာရေးရော ၊ ပညာရေးရော၊ အခိုးအငွေ့ဒဏ်တွေရော၊ မီးလောင်နေတဲ့ မြေစာပုံတွေရော အဲဒါကို ကျွန်တော်တို့ ပြမလို့ပါ။ အဲဒါတွေ အကုန်လုံးပေါ့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ ခံစားနေရတာတွေ အကုန်သိသွားမယ်လေ။ အဲဒါ လူ့အခွင့်အရေးကော်မရှင်က သိအောင်ပေါ့။ ကျနော်တို့ ခံစားနေရတာ။"

ဇွန်လ ၂၀ ရက်နေ့က ဒေသခံတွေ စုပေါင်းပြီး အဲဒီလို တိုင်ကြားလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က လာရောက်စစ်ဆေးတဲ့အခါမှာ ကျောက်မီးသွေးမီးလောင်တာတွေကို ငြိမ်းဖို့နဲ့ အနံ့တွေမထွက်အောင်လုပ်ဖို့ မှာခဲ့ပမယ့် ကုမ္ပဏီက လုပ်ကိုင်ပေးတာမရှိဘူးလို့ သိရပါတယ်။

ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကို ထိုင်းနိုင်ငံ ကုမ္ပဏီတွေဖြစ်တဲ့ Energy Earth PCL, East Star Company နဲ့ Thai Asset Mining ကုမ္ပဏီတို့က မြေဧကပေါင်း ၂၁၀၀ ပေါ်မှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်ကနေစပြီး လုပ်ကိုင်နေပေမဲ့ ကျောက်မီးသွေးလောင်ကျွမ်းတာကြောင့် ထွက်လာတဲ့ အငွေ့အသက်တွေ၊ သတ္တုတွင်းက စွန့်ပစ်ရေတွေ၊ မြေစာတွေနဲ့ ပတ်သက်ပြီး တာဝန်ယူတာ မရှိဘူးလို့လည်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့