သတင်းထောက် နှစ်ဦးကိစ္စ အကူအညီပေးဖို့ မြန်မာသံရုံးကို ညွှန်ကြား


2017.09.18
two-journalists-622.jpg မြန်မာသတင်းထောက် ကိုမင်းဇေယျာဦး နဲ့ ကိုခွန်လတ် တို့ကို တွေ့ရစဉ်
Photo: Min Zayar Oo and hkun lat dumhpau's Facebook

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ ဓာတ်ပုံသတင်းထောက် နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးဖို့ ဒက္ကားမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ညွှန်ကြားထား တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ် တို့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကို တရားဝင်စာပေးပို့ထားပြီး ကောင်စစ်ရေးရာ တွေ့ဆုံခွင့်ရရှိဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ တောင်းဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲဒီဓာတ်ပုံသတင်းထောက် နှစ်ဦးဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ဂျာမနီနိုင်ငံက GEO သတင်း ဌာနအတွက် ဓာတ်ပုံရိုက်ပေးဖို့ သွားရောက်ခဲ့ကြရာကနေ ပြီးခဲ့တဲ့စက်တင်ဘာလ ၇ ရက်နေ့က ကော့ဘ်ဇက်ဘဇားနယ်ထဲမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သတင်းထောက်ဗီဇာနဲ့ ဝင်ရောက်တာမဟုတ်ဘဲ အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်ခဲ့တဲ့ သူတို့ နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူလျှိုမှုနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။