လှေစီးဒုက္ခသည် ၁၅၅ ဦး ဘင်္ဂလားဒေ့်ရှ့်ထံ လွှဲပြောင်း

2015-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ တွေ့ရစဉ်
လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ တွေ့ရစဉ်
Photo: Khin Maung Soe/RFA

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် ၅၀၀ ကျော်ထဲက ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦးကို လွှဲပြောင်းဖို့ စီစဉ်ထားပေမယ့် ၁၀ ဦးဟာ ယာယီ ကယ်ဆယ်ရေးစခန်းကနေ ထွက်ပြေးသွားတာကြောင့် ၁၅၅ ဦးသာ လွှဲနိုင် ခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။

"၁၅၅ ယောက် ဒီနေ့လွှဲတယ်၊ တစ်ကယ်လွှဲရမှာ ၁၆၅ ယောက်၊ ၁၀ ယောက်က ထွက်ပြေးသွားတယ်၊ နယ်ခြားစောင့်တပ်က တပ်မှူးတွေလာတယ်၊ ၃၈၀ ကျန် သေးတယ်"

ဒီနေ့ တောင်ပြိုလက်ဝဲမြို့နယ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့် တပ်တာဝန်ရှိသူတွေက တစ်ဦးချင်းစီ ထပ်မံစီစစ်ပြီး လွှဲပြောင်းပေးခဲ့တာလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည် ၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းမှာ မြန်မာရေတပ်က ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲက လူ ၁၅ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လ ၃ ရက်နေ့ တွေက ယာယီကယ် ဆယ်ရေးစခန်းတွေကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ လှေစီးဒုက္ခသည် ၃၈၀ လောက်ကို တောင်ပြိုလက်ဝဲမြို့နယ်မှာ ဆက်လက်ကယ်တင်ထားဆဲ ဖြစ် ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း ပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

အမှန်​မြင်​ပြည်​သူ

ကိုမျိုးချစ်​​ရေ ပီးခဲ့တာ​တွေ​ပြောမ​နေနဲ့​တော့၊အခုကစပီး​​နောင်​ထပ်​မဖြစ်​​အောင်​ အခုလိုကြပ်​၂မတ်​၂လုပ်​ရန်​လိုအပ်​သလို၊ယင်း​ဒေသရှိ ရခိုင်​အပါဝင်​မြန်​မနိုင်​ငံသားများနဲ့ တာဝန်​ကျ သက်​ဆိုင်​ရာ ၀န်​ထမ်းများအားလုံးသည်​လည်း နိုင်​ငံချစ်​စိတ်​ မျိုးချစ်​စိတ်​ရှိဖို့လည်းလိုအပ်​ပါတယ်​။ ဒီလိုပြသနာက နိုင်​ငံတကာ နယ်​စပ်​နယ်​နမိတ်​​တွေမှာ ဖြစ်​ရိုးဖြစ်​စဉ်​ပါ။ နဲတာနဲ့ များတာပဲကွာတယ်

Sep 02, 2015 11:14 PM

Myo Chit Myanmar

နေရပ်- Myanmar

ကဲ ခုမှ ဘာဖြစ် လို့  အလုံးအရင်းနဲ့  မိ အလုံးအရင်း နဲ့ ပြန် ပို့ ဖြဟ်ရတာလဲ။ အရင်တုန်းကလဲ ဒီလို အလုံးအရင်း နဲ့ ဝင်နေတာ ကို လစ်လျူရှု ထားတာ။

Jul 22, 2015 08:02 PM

ဆိုက်တခုလုံးသို့