ဘင်္ဂလားဒေ့ရှ့်ရောက် ဒုက္ခသည်တွေအတွက် တရုတ်နိုင်ငံကူညီမည်

2018-06-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟတ်ဆန် မာမွတ်အလီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဘေကျင်းမြို့တွင် ၂ဝ၁၈ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟတ်ဆန် မာမွတ်အလီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ဘေကျင်းမြို့တွင် ၂ဝ၁၈ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။
Reuters

ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ မြန်မာနိုင်ငံက မွတ်စလင်ဒုက္ခသည်တွေ နေထိုင် စားသောက်ရေးအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အကူအညီတွေပေးဖို့ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ်းလှမ်းမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟတ်ဆန် မာမွတ်အလီနဲ့ ဘေကျင်းမြို့မှာ ဒီကနေ့တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး အကူအညီပေးဖို့ တရုတ်နိုင်ငံကို အကူအညီ တောင်းခံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တရုတ်ဟာ သြဇာကြီးမားတဲ့ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ဆက်ဆံရေး ရှိပြီး စစ်တပ်ရဲ့အကွက်ချ အကြမ်းဖက်မှုတွေကို ရှုတ်ချတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့