အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်ပြစ်တင်သူ အသတ်ခံရ

2018-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ကော့စ်ဘဇားခရိုင်ရှိ ဘာလုကာလီဒုက္ခသည်စခန်းသို့ အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ၇က်နေ့က တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ကော့စ်ဘဇားခရိုင်ရှိ ဘာလုကာလီဒုက္ခသည်စခန်းသို့ အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ၇က်နေ့က တွေ့ရစဉ်။
Benar News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဘာလုခါလီ-၂ ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ နိုင်ငံခြားဧည့်သည်တွေလာတိုင်း ကူညီလေ့ရှိပြီး အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်ပြောကြားလေ့ရှိတဲ့  အာရီဖူလာ ဆိုသူ ရိုဟင်ဂျာခေါင်းဆောင်တဦးဟာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံရဲအရာရှိတွေက မနေ့ကပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ လူသတ်တရားခံကို လိုက်လံ ရှာဖွေနေတယ်လို့ အူးခီယား ခရိုင်ခွဲ ရဲအရာရှိတဦးက ပြောပါတယ်။

အာရီဖူလာ ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အာဆာ အဖွဲ့ က မြန်မာရဲစခန်းတွေကို တိုက်ခိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  အာဆာကို ပွင့်လင်းစွာ ဝေဖန် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတားရက်စ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်းမ် တို့ ရှေ့လဆန်း ၁ ရက်နေ့မှာ သွားရောက်ကြမယ်လို့ ကြေညာပြီးတဲ့နောက် အခုလို အသတ်ခံရတာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့