အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်ပြစ်တင်သူ အသတ်ခံရ
2018.06.20
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဘာလုခါလီ-၂ ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ နိုင်ငံခြားဧည့်သည်တွေလာတိုင်း ကူညီလေ့ရှိပြီး အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်ပြောကြားလေ့ရှိတဲ့ အာရီဖူလာ ဆိုသူ ရိုဟင်ဂျာခေါင်းဆောင်တဦးဟာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံရဲအရာရှိတွေက မနေ့ကပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့ လူသတ်တရားခံကို လိုက်လံ ရှာဖွေနေတယ်လို့ အူးခီယား ခရိုင်ခွဲ ရဲအရာရှိတဦးက ပြောပါတယ်။
အာရီဖူလာ ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အာဆာ အဖွဲ့ က မြန်မာရဲစခန်းတွေကို တိုက်ခိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အာဆာကို ပွင့်လင်းစွာ ဝေဖန် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။
အဲဒီ ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတားရက်စ်နဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်းမ် တို့ ရှေ့လဆန်း ၁ ရက်နေ့မှာ သွားရောက်ကြမယ်လို့ ကြေညာပြီးတဲ့နောက် အခုလို အသတ်ခံရတာ ဖြစ်ပါတယ်။