ဓာတ်ငွေ့ စီမံကိန်း ရပ်တန့်ပေးဖို့
2011.10.26
ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ
Photo: Shwe Gas Movement
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့ကိုယ်စားလှယ် ဦးဘရှင်ကလည်း တရုတ်ပိုက်လိုင်း စီမံကိန်းကြောင့် အခွင့်အရေးချိုးဖောက်ခံရတဲ့ ကျောက်ဖြူဒေသခံတွေရဲ့ တိုင်တန်းချက်တွေကို မပြတ်ဆိုသလို လက်ခံရရှိနေပြီး၊ ရခိုင်ဒေသက ထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို ရခိုင်ပြည်သူတွေ အတွက် သုံးစွဲခွင့် ပြုရေးအပါအဝင် ဒေသခံပြည်သူတွေရဲ့ လိုလားချက်တွေကို လွှတ်တော်မှာ တင်ပြနေကြောင်း ပြောပါတယ်။
ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဒေသက ထွက်ရှိတဲ့ သယံဇာတတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









