၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လုပ်ခလစာ သတ်မှတ်မည်

2014-12-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုက အလုပ်သမားများ ဆန္ဒပြနေစဉ်
လုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုက အလုပ်သမားများ ဆန္ဒပြနေစဉ်
photo: RFA/ Tun Myint

နောက်နှစ်ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလအတွင်း မြို့နယ် ၁၀၈ မြို့နယ်မှာ လူနေမှုစစ်တမ်းကောက်ယူပြီး ရရှိလာတဲ့ အ ချက်အလက်တွေကို အခြေခံပြီးမှသာ အနည်းဆုံးလုပ်ခ လစာကို သတ်မှတ်သွားမယ် လို့ နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေး ဆွေးနွေးပွဲက သဘောတူလိုက် ကြပါတယ်။

နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအေးမြင့်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စား လှယ်တွေအပြင် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေဟာ အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်း က အနည်းဆုံးလုပ်ခလစာအတွက် လိုအပ်ချက်တွေကို ပြောပါတယ်။

" ဒီနေ့ကတော့ အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေအရပေါ့နော် ဖော်ဆောင်ရမယ့် လုပ်ငန်းရှင်အတွက်ကို အဓိကထားတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်ခင်ဗျ၊ ဒီမှာကတော့ တော်တော်ကြီးကိုပြည့်ပြည့်စုံစုံပေါ့နော်၊ အခြေခံ လက်ရှိကုန်ဈေးနှုန်း၊ အခြေခံလူမှု ဘဝကုန်ကျစရိတ်တွေကို အဓိကထားပြီးတော့ စစ်တန်းကောက်ယူသွား မယ်လို့ သိရပါတယ်၊ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ပေါ့နော်၊ ပြည်နယ်နဲ့ တိုင်း ၁၄ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို အခြေခံ ကွင်းဆင်းတဲ့လုပ်ငန်း ကျနော်တို့ စတင် ပါတော့မယ် "

အနည်းဆုံးလုပ်ခလစာသတ်မှတ်ရေးအတွက် ဆွေးနွေးနေတာ ဒီနေ့ဟာ ၅ ကြိမ်မြောက်ဖြစ်ပါတယ်။ အနည်းဆုံးလုပ်ခ လစာဆိုရာမှာ စက်မှုဇုန်အလွှာအသီးသီး က အလုပ်သမားတွေအားလုံးအတွက် သတ်မှတ်ဖို့ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အစိုးရဝန်ထမ်းတွေမပါဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်ကလည်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ နယ်မှာ လုပ်ငန်းရှင်တွေ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အနည်းဆုံး လုပ်ခလစာသတ်မှတ်ပေးနိုင်ရေး အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအေးမြင့်နဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်းကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့