မြန်မာကျောင်းသားတွေကို ခေတ်သစ်ပိုးလမ်းမပညာသင်ဆု ဟောင်ကောင် ချီးမြှင့်မည်


2018.10.27
hongkong-poly-university-622.jpg ဟောင်ကောင် Polytechnic တက္ကသိုလ်ကို တွေ့ရစဉ်
Photo: polyu.edu.hk

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့က မြန်မာကျောင်းသားတွေအတွက် ခေတ်သစ်ပိုးလမ်းမ Belt and Road ဆိုင်ရာ ပညာသင်ဆုကို ချီးမြင့်သွားမယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဟောင်ကောင် အစိုးရတက္ကသိုလ်တွေကို ပထမနှစ် ဘွဲ့ကြိုပညာသင် တက်ရောက် မယ့် မြန်မာကျောင်းသား ၁ဝ အထိ ကျောင်းပညာသင်စားရိတ်အပြည့်ကို နှစ်စဉ်ထောက်ပံ့မှာဖြစ်တယ်လို့ သိရ ပါတယ်။

မြန်မာနဲ့ ဟောင်ကောင် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့ မြန်မာအစိုးရ ဒုပညာရေးဝန်ကြီးနဲ့ ဟောင်ကောင်အစိုးရ လက်ထောက်ပညာရေး အတွင်းဝန်တို့ဟာ မနေ့က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဟောင်ကောင် တက္ကသိုလ်တွေမှာ ဒေသတွင်း နိုင်ငံတကာကျောင်းသားတွေ တက်ရောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ပိုးလမ်းမ ပညာသင်ဆုကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်က စတင်ခဲ့တာဖြစ်ပြီး ပထမဆုံး အင်ဒိုနီးရှား ကျောင်းသားတွေကို စတင်ချီးမြှင့်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ မှာ ထိုင်းနဲ့ မလေးရှားနိုင်ငံက ကျောင်းသားတွေကိုပါ ပေးအပ်ခဲ့တာလို့ သိရပါတယ်။

တရုတ်ပြည်မကြီး အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမ စီးပွားရေးရပ်ဝန်းစီမံကိန်းမှာ မြန်မာအပါအဝင် မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေလည်း ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။