ကျန်းမာရေးမှာ စစ်အရာရှိတွေ ခန့်ထားမည့်အစီအစဉ် ပြန် ရုပ်သိမ်း

2015-08-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ ခန့်ထားမယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ Black Ribbon Movement  အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပြုလုပ်စဉ်
ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ ခန့်ထားမယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ Black Ribbon Movement အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပြုလုပ်စဉ်
Photo: Black Ribbon Movement Myanmar 2015 Facebook

တပ်မတော်က အဆင့်မြင့်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ရွှေ့ပြောင်းတာဝန်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။

တပ်မတော်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ခန့်အပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆရာဝန်အများစုက လက်မခံတဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ၀န်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။

"မကြိုက်ဘူးဆို မခေါ်ဘူးပေါ့ဗျာ၊ ရန်ကုန်ဆေးရုံကြီးမှာ အောက်ခြေဝန်ထမ်း ၅ဝဝ ကျော်ရှိတယ်၊ အန်ကယ် တာဝန်မယူခင်ကနဲ့ တာဝန်ယူပြီးတဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာ သန့်ရှင်းရေးတွေ၊ လုံခြုံရေးတွေ သမီးတို့မြင်တဲ့ အတိုင်းပဲ၊ ဒီလူတွေကို စီမံခန့်ခွဲဖို့အတွက် ဆေးရုံအုပ်ကြီးတွေက မိန်းကလေးတွေဆို ဘယ်လိုအုပ်ချုပ်မလဲ၊ ဆရာဝန်ကြီးတွေကလည်း မိန်းကလေးတွေများတယ်လေ၊ ဆရာဝန်ဆိုတာ နဂိုကတည်းက နူးညံ့သိမ်မွေ့ပြီး သားလေ၊ ဒီလိုအုပ်ချုပ်ဖို့အတွက် တချို့နေရာတွေမှာ အုပ်ချုပ်တဲ့လူတွေလိုသေးတယ်၊ ဒါကြောင့် တချို့လူတွေ ပါလာတာပေါ့၊ မခေါ်နဲ့ဆိုရင်လည်း မခေါ်တော့ဘူး"

ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်မှူးကြီးတွေနဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တွေမှာ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး ကန့်ကွက်တဲ့ဆရာဝန်အတော်များများဟာ အနက်ရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံတွေ စုပေါင်းတင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။  အဲဒီလှုပ်ရှားမှုတွေမှာ ဥပဒေပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ အနုပညာရှင်တွေနဲ့ ဆေးကျောင်းသားတွေ ပါဝင်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးက ဒေါက်တာစည်သူအောင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ကျန်းမာရေးဝန်ကြီးဌာနမှာ ယူနီဖောင်းဝတ် တပ်မတော်အရာရှိတွေခန့်ထားဖို့ အစီအစဉ်ကို ဆန့်ကျင်တဲ့  Black Ribbons အနက်ရောင် ဖဲကြိုးလှုပ်ရှားမှုတွေ ပေါ်ပေါက်နေတာနဲ့ပတ်သက်လို့  မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (10)
Share

အမည်မဖော်လိုသူ

အဲဒါဆိုရင်လဲ ရိုးရိုး ဆရာဝန်တွေ မသွားတဲ့ နယ်တွေ ကို ပို့ ပေါ့ ဘာဖြစ် လို့ မြို့ ပေါ်က ညွှန်ကြားရေးမှူး တို့  အုပ်ချုပ်ရေး တို့ ရာထူးတွေ ပေးလဲ။ ကြံဖန် အကြောင်းပြနေတာ။

Aug 17, 2015 08:45 PM

အမည်မဖော်လိုသူ

ဘာပဲဖြစ်ဖြစ် နေရာတကာ အုပ်ရော ကျောက်ရော လုပ်ခဲ့လို့  တိုင်းပြည် ပျက်စီးသွားခဲ့တာ လူတိုင်းအသိပဲ။ေ၇ရှည် အတွက်ကတော့ သူ့ နေရာ နဲ့ သူပဲနေတာ ပြည်သူတွေက ကြိုက်တယ်။ အစတည်း က စစ်ထဲဝင် ဘို့ ကိုယ့် ဟာကိုယ် ရွေးခဲ့တာပဲ။ လူတိုင်း လူတိုင်း ဟာ အခွင့်အရေး ၂ မျိုး ခံစားတဲ့ လုပ်ရပ် ကို ထောက်ခံနေရမှာလား။

Aug 14, 2015 08:34 PM

(

1-all civilian doctors and medical professionals are very very lucky because
they can protest or strike against their will in this newly born democratic country.
2-in 1962, many armed forces personnel were sent to all government depts without proper paper order but they just show up and demand verbally to hand over the top management positions, and those armed forces personnel have no knowledge, no technical skill for those governments. this is one of the reasons socialist government failed.
3-also need this kind of changes and action for all government departments.
4-all doctors and medical professional and owners of hospitals and clinics are very urgently needed to change as necessary and correct their existing practice; because many people do not trust. this is the main reason many people trying to seek medical help from foreign countries and
lost millions and millions of dollars.
all specialists, doctors should properly taking care their patients and not just left with junior doctors and nurses in ccu and icu.

Aug 12, 2015 10:07 AM

ညီညီစိုး

မှန်​ပါတယ်​ အခြားတဖက်​ကလည်း ​မွေးထုတ်​ထားတဲ့ဆရာဝန်​​တွေကလည်း ဆရာဝန်​အလုပ်​မလုပ်​ကြသလို လုပ်​ပြန်​​တော့လည်း ​တကယ်​လိုအပ်​တဲ့​ကျေးလက်​​ဒေသ​တွေမသွားပါဖူး ​​နောက်​ဆုံးပြည်​သူပဲခံရတာပါ၊ဒါ​ကြောင့်​ အရပ်​ဖက်​ဆရာဝန်​​တွေကိုလည်း သင်​တန်းပီးပါက အနည်းဆုံး ၄ နှစ်​မှ ၈နှစ်​ ​ကျေးလက်​​ဒေသများတွင်​တာဝန်​ထမ်း​ဆောင်​ရမည်​ဟုဥပ​ဒေတရပ်​ထုတ်​ပြုလုပ်​ရပါမယ်​။

Aug 13, 2015 06:38 AM

အရှင်ပညာသီဟ

နေရပ်- ဇီးကုန်းမြို့

၂သီးစား၊၃သီးစားခေတ်ကုန်သင့်တာကြာပြီ။

Aug 12, 2015 05:36 AM

အရှင်ပညာသီဟ

နေရပ်- ဇီး ကုန်း မြို့

၂သီးစား ၊၃သီးစားတွေရပ်ပါတော့ကွယ်။
ကိုယ့်အလုပ်ပြီးလျှင် ပင် စင်ယူကြပါနော်။

Aug 11, 2015 10:08 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့