မူဆယ်-ကျင်ဆန်းကျော့လမ်းဟာ တရားမဝင်တာကြောင့် ပိတ်ထားတာ ဖြစ်ကြောင်း တပ်မတော်ပြော


2018.12.29
trucks-in-muse-622.jpg ပိတ်မိနေတဲ့ သစ်သီးတင်ကုန်တင်ကားတွေကို တွေ့ရစဉ်
Photo: Ye Htet/ RFA

မူဆယ်- ကျင်ဆန်းကျော့ ကုန်သွယ်ရေးလမ်းကြောင်းကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မ ၁၁ က ပိတ်ဆို့ထားတာဟာ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်း မဟုတ်တာကြောင့်ဖြစ်ကြောင်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောပါတယ်။

တရုတ်- မြန်မာနယ်စပ်က အဲ့ဒီလမ်းကြောင်းဟာ ကုန်သွယ်ဖို့အတွက် နှစ်နိုင်ငံအစိုးရ သဘောတူညီထားတဲ့ လမ်းကြောင်းမဟုတ်တာကြောင့် ကုန်တင်ကားတွေကို တပ်မတော်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာဖြစ်ကြောင်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက RFA ကို အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီလမ်းကြောင်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့မနက်ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာကြောင့် သစ်သီးတင်ကုန်တင်ကားတွေ အစီး ၁၀၀၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ကုန်သည်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေက အခက်အခဲတွေဖြစ်နေကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင်မှာ ဒီနေ့မနက်က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး မူဆယ်- ကျင်ဆန်းကျော့ လမ်းကို ပြန်ဖွင့်ပေးဖို့ကို တောင်းဆိုလိုက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။