လှေစီးထွက်ခွာသူ အရေအတွက် ဒီနှစ်အတွင်း ရုတ်တရက် ကျဆင်း


2016-03-21
Share
boat-refugees-700-620.jpg ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း လှေစီးဒုက္ခသည် ၇ဝဝ ကျော်ကို မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိစဉ်
Photo: MOI Webportal Myanmar (facebook)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ပင်လယ်ကို ကူးဖြတ်ပြီး မလေးရှားနဲ့ ထိုင်းကို သွားရောက်ဖို့ ကြိုးစားကြတဲ့ လှေစီးထွက်ခွာသူ အရေအတွက် ဟာ ဒီနှစ်အတွင်း ရုတ်တရက် ထိုးကျသွား ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ က ပြောပါတယ်။

ဒါဟာ လူမှောင်ခိုလှေတွေကို ဒေသတွင်းနိုင်ငံတွေက ဖိဖိစီးစီး နှိမ်နင်းနေတာ၊ မြန်မာနိုင်ငံမှာ အစိုးရ သစ်ပေါ်ပေါက်လာတာနဲ့ လှေစီးထွက်ခွာသူတွေကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချ ိုင်းတွေ တွေ့ရှိခဲ့ရ တာတွေကြောင့် ဖြစ်တယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက်ကော်မရှင်နာတစ်ဦး က ပြောပါတယ်။

၂၀၁၅ ခုနှစ်မေလက ထိုင်းနဲ့ မလေးရှားနယ်စပ် မလေးရှားဘက်ခြမ်းမှာ လူမှောင်ခိုတွေ စခန်းချခဲ့တဲ့နေရာတွေ နဲ့အတူ လူ ၃၀ ကျော်ကို မြှုပ်နှံထားတဲ့ နေရာတွေ ကို ထိုင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ အလားတူ သင်္ချ ိုင်းရာတွေ ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဒါ့ပြင် ဘင်္ဂလားပင်လယ်ပြင်မှာလည်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေက လူမှောင် ခို နှိမ်နင်းရေးတွေ တိုးမြှင့်ဆောင်ရွက်နေတာကြောင့်၊ မှောင်ခိုသမားတွေဟာ လှေစီးထွက်ခွာသူတွေ ကို လှေတွေပေါ်မှာ ပစ်ထားခဲ့ပြီး ထွက်ပြေးသွားကြာတာတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

လှေစီးထွက်ခွာသူတွေ အများစုဟာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ ဖြစ်ကြပါတယ်။

အခုလို လှေစီးထွက်ခွာသူတွေအရေအတွက် ရုတ်တရက်ကျဆင်းသွားတာဟာ မြန်မာနိုင်ငံတွင်း အခြေအနေတွေ အကောင်းဘက်ကိုပြောင်းလဲလာတာက ကြီးမားတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ UNHCR က ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာလည်း ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ က ထောက်ပံ့ကူ ညီနေတဲ့ ဒုက္ခသည် တစ်သိန်းကျော်ရှိနေပါတယ်။ တချို့ဆိုရင် နှစ်ပေါင်းအတော်ကြာနေပြီဖြစ်ပါတယ်။ မြန်မာ့နိုင် ငံရေးအပြောင်း အလဲကြောင့် တစ်နှစ် နှစ်နှစ်အတွင်း ဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့ ကိုယ့် တိုင်းပြည်ပြန်သွားကြ ဖွယ်ရှိတယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အရာရှိကြီးတစ်ဦး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့