စက်လှေနစ်မြုပ်မှု တစ်ဦး သေဆုံး


2019.04.15
boat-sink-622.jpg မုံရွာမြို့ ချင်းတွင်းမြစ်မှာ ၂၀၁၉ ဧပြီ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့တဲ့စက်လှေကို တွေ့ရစဉ်
Photo - Myanmar Fire Services Department
ချင်းတွင်းမြစ်အတွင်း လူ ၄၀ ခန့် လိုက်ပါလာတဲ့ ကူးတို့စက်လှေတစ်စီး နစ်မြုပ်တာကြောင့် အမျိုးသမီး ၁ဦး သေဆုံးပြီး ၅ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က ဒေသခံ ၄၀ ခန့်ဟာ ချင်းတွင်းမြစ်ကိုဖြတ်ပြီး မုံရွာမြို့ဘက်ကို စက်လှေနဲ့ ဒီနေ့မနက်က ကူးရာမှာ လှေနစ်မြုပ်ခဲ့တာလို့ မုံရွာခရိုင် မီးသတ်ဦးစီးမှူး ဦးညီညီဇော် က RFA ကို ပြောပါတယ်။

လိုက်ပါလာသူတွေဟာ ချင်းတွင်း သြင်္ကန်ကို လာရောက်လည်ပတ်ကြသူတွေဖြစ်ပြီး ၃၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ တယ်လို့ ဦးညီညီဇော်က ပြောပါတယ်။

နစ်မြှုပ်သွားတဲ့ စက်လှေဟာ လူ ၂၀ ကျော်လောက်သာ တင်ဆောင်သွားလာသင့်တဲ့လှေဖြစ်ပြီး လူ ၄၀ လောက် အထိ တင်ခဲ့တာကြောင့် နစ်မြုပ်ခဲ့ရတာဖြစ်ကြောင်းလည်းဆိုပါတယ်။

စက်လှေပိုင်ရှင်က မောင်းလာတာဖြစ်ပြီး အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြစ်အတွင်း ပျောက်ဆုံးနေသူတွေ ရှိနေသေးလားဆိုတာတွေကို မီးသတ်ဦးစီးဌာနက ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

မုံရွာမြို့အနီးမှာ စက်လှေနစ်မြုပ်တာကြောင့် လူသေဆုံးမှုဖြစ်တာဟာ ဆယ်စုနှစ် ၁ ခုအတွင်းမှာ ပထမဆုံးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။