ဗိုလ်ချုပ်ပုံနဲ့ တံဆိပ်ခေါင်း ထုတ်ဝေမည်


2017.02.13
bogyoke-aungsan-photo-620.jpg ဗိုလ်ချုပ်အောင်ဆန်းပုံ
.

နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ တံဆိပ်ခေါင်း ထုတ်ဝေသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ကြေညာလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်တာကြောင့် ဗိုလ်ချုပ်ပုံနဲ့ထုတ်ဝေတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇေယျ က ပြောပါတယ်။

" နှစ် ၇၀ ပေါ့နော်၊ တံဆိပ်ခေါင်းလေး စလုပ်ဖို့ရှိပါတယ်၊ ဗိုလ်ချုပ်ပုံနဲ့ပေါ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ စ,တည်ကာစမှာ ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်အောင်ဆန်းပါခင်ဗျ၊ အဲဒါကြောင့်မို့ ဗိုလ်ချုပ်ပုံနဲ့ တံဆိပ်ခေါင်းထုတ်ဖို့ရှိပါတယ်။"

အဲဒီတံဆိပ်ခေါင်းကို နှစ် ၇၀ ပြည့်မြောက်တဲ့ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ စတင်ထုတ်ဝေမှာ ဖြစ်ပြီး အမြို့မြို့အနယ်နယ်က ဆက်သွယ်ရေး စာတိုက်စခန်းတွေမှာ ငွေကျပ် ၅၀၀ နဲ့ဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇၀ ခရီးဆိုတဲ့ စာအုပ်ကိုလည်း ဒီနှစ်အတွင်းမှာ ထုတ်ဝေသွားဖို့ စီစဉ်နေတယ်လို့လည်း ဦးကျော်ဇေယျ က ပြောပါတယ်။

အရင်နှစ်တွေက ဝန်ကြီးဌာန နှစ်ပတ်လည်နေ့တွေမှာ ဆွမ်းကပ်လှူတာတွေ၊ မိတ်ဆုံစားပွဲပြုလုပ်တာ တွေရှိခဲ့ပြီး ဒီနှစ်မှာတော့ ဝန်ထမ်းတွေအတွက် စကားရည်လုပွဲပုံစံမျိုး ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ် လို့လည်း ပြောပါ တယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ စတင်ဖဲ့ွစည်းခဲ့တာဖြစ်ပြီး အခုလို ဝန်ကြီးဌာန နှစ်ပတ်လည်အတွက် တံဆိပ်ခေါင်းထုတ်ဝေတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။