မဘသဥက္ကဌ ဆရာတော်ကို အကြမ်းဖက် ဗုံးဖောက်ခွဲ တိုက်ခိုက်ဖို့ ခြိမ်းခြောက်

2015-01-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသရဲ့ သက်တော် ၇၅ နှစ်ပြည့် စိန်ရတု ၀ိဇာတကုသိုလ်တော် မင်္ဂလာ အခမ်းအနားကို မတ်လ ၂ ရက်နေ့က အင်းစိန်ရွာမ ပရိယတ္ထိစာသင်တိုက်တွင် ပြုလုပ်စဉ်
ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသရဲ့ သက်တော် ၇၅ နှစ်ပြည့် စိန်ရတု ၀ိဇာတကုသိုလ်တော် မင်္ဂလာ အခမ်းအနားကို မတ်လ ၂ ရက်နေ့က အင်းစိန်ရွာမ ပရိယတ္ထိစာသင်တိုက်တွင် ပြုလုပ်စဉ်
photo: NLD Facebook

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဥက္ကဌ ဆရာတော် ဦးတိလောကာဘိဝံသ သီတင်းသုံးထိုင်တဲ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ဇန်န၀ါရီ ၂၃ ရက်ညက အကြမ်းဖက်တိုက်ခိုက်ဖို့ ဗုံးလှန့်ခြိမ်းခြောက်ခံခဲ့ ရပါတယ်။

ဥက္ကဌဆရာတော်ထံကို ည ၇ နာရီခွဲခန့်မှာ မလေးရှားနိုင်ငံ ကုတ်နံပါတ် ၆၀ နဲ့ စတင် တဲ့ နိုင်ငံခြားဖုန်းတစ်လုံးဝင်လာပြီး ကျောင်းဝင်းထဲမှာ ဗုံးထောင်ထားကြောင်း၊ ၁၂ မိနစ်အတွင်း ကျောင်းဝင်း က ထွက်ခွာဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရွာမ ပရိယတ္တိကျောင်းတိုက်မှာ သီတင်းသုံးတဲ့ မဘသအဖွဲ့ဝင် ဆရာတော်ဦးဝိမလက RFA ကို မိန့်ကြားပါတယ်။

"၇ နာရီခွဲလောက်မှာ နိုင်ငံခြားဖုန်းနံပါတ်နဲ့ခေါ်တယ်၊ အဲ့ဖုန်းကမကြားရဘူး၊ မကြားရတော့ ၇ နာရီ ၃၂ မှာ ၀၀၆၆၊ ၆၀ စတဲ့ နံပါတ်နဲ့ဝင်လာတော့ တစ်မိနစ်လောက် စကားပြောလိုက်ရတယ်၊ ခြိမ်းခြောက်တာပေါ့ကွာ၊ ကြောက်မလားဆိုပြီးတော့ မနေ့ကတုန်းက အမျိုးသားလွှတ်တော်မှာ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို သုံးသပ်ဆွေးနွေးတာရှိတယ်၊ ဒါတွေကိုကြည့်ပြီးတော့ သူတို့က ဘာဖြစ်မယ်ညာဖြစ်ဆိုတဲ့ပုံစံ လုပ်မယ်ထင်ပါတယ်"

ဖုန်းလက်ခံရရှိပြီးနောက်ပိုင်း သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့က လာရောက်ရှာဖွေစစ်ဆေးရာမှာ ည ၈ နာရီကနေ ၁၁ နာရီထိ ၃နာရီကြာ ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ရာမှာ တစ်စုံတစ်ရာမတွေ့ခဲ့ဘူးလို့ သိရပါတယ်။

အခုလို မဘသအဖွဲ့ ဥက္ကဌဆရာတော် ခြိမ်းခြောက်ခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းကတော့ မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝိရသူရဲ့ မန္တလေမြို့တရားပွဲမှာ လက်လုပ်ဗုံးတစ်ခု ပေါက်ကွဲခဲ့ပါတယ်။

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဥက္ကဌဆရာတော်ကို ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ခြိမ်းခြောက်တာနဲ့ ပတ်သက်လို့ မဘသအဖွဲ့ နာယက ဆရာတော်တစ်ပါးဖြစ်သူ ဦးပါမောက္ခကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်လျှောက်ထားတင်ပြတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (4)
Share

အမည်မဖော်လိုသူ

နေရပ်- Yangon.

As long as U Wirathu is acting activist the country will never lead to peace. He causes divisions among people not only between Buddhists and other religion. Even among Buddhists it becomes two groups who support him and who oppose him.

Jan 26, 2015 09:15 PM

(

ရုန့်ရင်းကြမ်းတမ်းစွာ ပြောတာ နဲ့ ကန့်ကွက်ဆန္ဒပြတာ ဘာမှ မဆိုင်တဲ့ဖြစ်ရပ်၂ ခုပဲ။
ဒီလိုဆဲလိုက်လို့ ဘယ်သူကကြောက်မှာလဲ အထင်သေးတာပဲရှိတယ်/
ဦးဝိရသူရဲ့ ရင့်သီးသည့် အသုံးအနှုန်းများ သုံးနှုန်း စကားပြောပုံ မကျွမ်းကျင်မှု၊ လေသံမပျော့ပျောင်းမှု၊
တင်ဆက်ပုံ မသပ်ရပ်မှုတွေကြောင့် နိုင်ငံ နဲ့ ဗုဒ္ဓဘာသာ ကို ပိုပြီး ညှိုးနွမ်းစေပါ တယ်။
ကုလသမဂ္ဂက ရှုတ်ချပေမယ့် ဂုဏ်ယူပါတယ် ဆိုလာ ပါတယ်။
NLD ကို ကြံ့ဖွံ ပါတီနဲ့ မဘသ ၉၆၉ တွေ က ပုဂ္ဂိုလ် ရေး ထိခိုက်တာ အောက်တန်းကျ နိုင်ငံရေးပုတ်ခတ် စော်ကားတာ တွေ အသရေဖျက်တာ တွေကို တရားရုံးက အရေးမယူတာ တွေ ပယ်ချထားတွေ ရှိ နေ ပါ တယ်။ ဘုန်းကြီးကဘုန်းကြီးလို မနေတာ တွေ ရှိနေ ပါ တယ်။
မဘသတွေကို သွယ်ဝိုက်သော အားဖြင့် ဦးသိန်းစိန် အစိုးရ ထောက်ခံတာပိုပြီူး ထင်ရှားနေပြီ။

Jan 26, 2015 03:25 AM

သူ

နေရပ်- ဘယ်သူလဲ

ဖမ်းမှာကို မကြောက်တဲ့သူ ၂ မျိုးး ရှိပါတယ်။
(၁) မျိုးးချစ်စိတ် ပြည့်ဝသူ
(၂) “ကိုယ့်လူ သူ့ဘက်သား”

Jan 26, 2015 03:29 PM

တလွဲ

နေရပ်- ဆံပင်ကောင်းနေသူ

ဦးဝီရသူ က တကယ်ပဲ “အမျိုးး”ကို ချစ်ရင် သတ္တိရှိရှိ လူဝတ်လဲ လိုက်ပါ။ “အရေးတော်ပုံ”အောင်မှ သင်္ကန်းပြန်စည်းပေါ့။

Jan 26, 2015 03:32 PM

ဘယ်ဘက်က ကြည့်ကြည့်

နေရပ်- အရှုံးးချည်းပဲ

ဦးဝီရသူက ဒီလို “ပြောဆို”တော့
(၁) မိခင်ကို စော်ကားရာ ရောက်ပါတယ်။
(အမိကြမ်းတော့ နှုတ်သရမ်း၏)
(၂) နိုင်ငံဂုဏ်ကို သိမ်ငယ်စေပါတယ်။
(၃) သာသာနာကို ညှိုးးနွမ်းစေပါတယ်။
(၄) မိမိလည်း သိက္ခာကျပါတယ်။
(၅) “ကိုယ့်ကိုကိုယ်ဖေါ် မသူတော်“ ဖြစ်မှန်း
ဝန်ခံသလို ဖြစ်ပါတယ်။ (ကိုယ့်လူ သူ့ဘက်သား)

Jan 26, 2015 03:38 PM

အမည်မဖော်လိုသူ

"Yesterday's moderate is today's headline". We should respect any others' religions, but kindness never should be weakness. http://www.nydailynews.com/new-york/shocking-anti-islam-ad-campaign-okd-mta-article-1.1945174

Jan 24, 2015 08:59 PM

အမည်မဖော်လိုသူ

ဒါ ဦးဝီရသူက မွှေးတဲ့မီးပါ။

Jan 24, 2015 10:45 AM

ဆိုက်တခုလုံးသို့