စစ်ကိုင်းမြို့မှာ ပေါက်ကွဲမှုဖြစ်ပွား

2013.10.14

ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်က စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းဝင်းအောင် က RFA ကို အတည်ပြုပြောဆိုပါတယ်။

ဗုံးကွဲမူကြောင့် အခန်းတွင်းက ပစ္စည်းအနည်းအကျဉ်းသာ ပျက်စီးသွားပြီး၊ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက စတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ညကလည်း ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တည်းခိုနေတဲ့ အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။