နယ်နိမိတ်မျဉ်းအနီး တရားမဝင်နေသူတွေအရေး ဆွေးနွေး


2018.03.03
border-security-meeting-622.JPG မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တာဝန်ရှိသူတွေ ၂ဝ၁၈ ခုနှစ် မတ်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်
Photo: Information Committee

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး တရားမဝင်နေရပ်စွန့်ခွာ နေထိုင်သူတွေအရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တာဝန်ရှိသူတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အစိုးရရဲ့ သတင်း ထုတ်ပြန်ရေးကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ် ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ညှိနှိုင်းပြီး လှည့်ကင်းဆောင်ရွက်မယ့် အစီအမံတွေ၊ နှစ်နိုင်ငံနယ်စပ် တလျှောက်မှာ ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေကို အချိန်နဲ့တပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်းနဲ့ အဖွဲ့ဝင် ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အမှတ် (၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနဲ့ အဖွဲ့ဝင် ၆ ဦး တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ခြံစည်းရိုးတလျှောက်မှာ မြန်မာဘက်က ပြီးခဲ့တဲ့ရက်ပိုင်းက လုံခြုံရေးတိုးမြှင့်ချ ထားတာကို ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်လာမယ့်သူတွေကို စစ်ဆေးရမယ့် မြန်မာအစိုးရ ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက် လိုအပ်တာကြောင့် လုံခြုံရေးအင်အား တိုးမြှင့်ချထားတာလို့ မြန်မာအစိုးရဘက် က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။