မြန်မာ့အထည်လုပ်ငန်း ဗြိတိန် ပါဝင်မြှုပ်နှံ


2019.01.31
silk-622.jpg ့ပိုးချည်တွေကို တွေ့ရစဉ်
.

မြန်မာနိုင်ငံမှာ ထုတ်လုပ်မယ့် ပိုးထည်နဲ့ အော်ဂဲနစ် ချည်ထည်လုပ်ငန်းတွေမှာ မြန်မာကုမ္ပဏီနဲ့ ပူးတွဲရင်းနှီးမြှုပ်နှံဖို့ အမေရိကန် ဒေါ်လာ ၁.၄သန်း ရင်းနှီးသွားမယ်လို့ ဗြိတိသျှအစိုးရ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် DFID ကြေညာပါတယ်။

DFID ဟာ Pragma ventures, Sense Organics နဲ့ ဓန Facility တို့နဲ့ ပူးတွဲပြီး ၂နှစ်ကြာ ရင်းနှီးမြှုပ်နှံ မှာဖြစ်ပါတယ်။

ပိုးထည်လုပ်ငန်းကို ဓနကုမ္ပဏီဟာ Pragma ventures နဲ့ပူးတွဲပြီး ချင်းပြည်နယ်နဲ့ ရန်ကုန်မြို့တွေမှာ ဆောင်ရွက်မှာဖြစ်ပြီး ဥရောပ၊ မြောက်အမေရိကနဲ့ သြစတြေးလျဈေးကွက်ကို တင်ပို့မှာဖြစ်ပါတယ်။

အလားတူ အော်ဂဲနစ် ချည်ထည်ထုတ်လုပ်မှုအတွက် ဓနဟာ Pure Sense organic နဲ့ GMO ကင်းတဲ့ အဆင့်မှီချည်ထည်များ ပူးတွဲထုတ်လုပ်မှာဖြစ်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။