လိုအပ်ချက်အပေါ်မူတည်ပြီး ဘတ်ဂျက်ခွဲဝေသုံးစွဲဖို့ ကိုယ်စားလှယ်တွေ ဆွေးနွေး


2013.02.26
parliament-082912-1-b305 ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA

အစိုးရရဲ့ ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း အသုံးစားရိတ်မှာ နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေတဲ့နေရာတွေပဲ စီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့နဲ့ မလိုအပ်တဲ့စီမံကိန်း အသုံးစားရိတ်တွေကို လျော့ချပေးဖို့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော်ကောင်စီက တင်ပြတဲ့ ၂၀၁၃/၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဘတ်ဂျက်မှာ နေပြည်တော်မှာရှိတဲ့ မြို့တစ်မြို့ရဲ့ အသုံးစရိတ်ဘတ်ဂျက်ဟာ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုရဲ့ အသုံးစားရိတ်ထက် ပိုများနေတယ်လို့ ပဲခူးတိုင်းဒေသကြီး မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ဆွေးနွေးခဲ့ပါတယ်။

ဦးမောင်တိုးရဲ့ ဆွေးနွေးချက်မှာ ဆင်းရဲမွဲတေမှု လျော့ချဖို့အတွက် စီမံကိန်းတွေ အကောင်အထည် ဖေါ်နေတဲ့အချိန် မလိုတဲ့နေရာတွေမှာ အသုံးစားရိတ်ကိုလျှော့ပြီး လိုတဲ့နေရာတွေမှာပိုသုံးဖို့ကို တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

၂၀၁၃/၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာ နေပြည်တော်က တင်ပြတောင်ခံထားတဲ့ ကျပ် ၂၆၉ ဘီလီယံထဲက ၁၇၈ ဘီလီယံကျော်ကိုပဲ လက်ရှိမှာခွင့်ပြုထားတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက လွှတ်တော်မှာ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။

နေပြည်တော်ကောင်စီကတင်ပြတဲ့ ဘတ်ဂျက်ထဲက ကျပ်ငွေ ဘီလီယံ ၁၇၈ ကိုပဲ နောက်ဆုံးမှာ ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။