ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သုံးဖို့ ငွေသန်း ၇ ထောင်ကို သမ္မတရုံးတောင်းခံ

2014-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အစိုးရ၊ KNU နဲ့ RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲ ကို တွေ့ရစဉ်
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အစိုးရ၊ KNU နဲ့ RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲ ကို တွေ့ရစဉ်
photo: RFA/ Myint Oo

လာမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအသုံးပြုဖို့  ကျပ်ငွေ သန်း ၇ ထောင်ကို သမ္မတရုံးက လွှတ်တော်မှာ တောင်းခံထားတယ်လို့ သိရပါတယ်။

သမ္မတရုံးအသုံးစရိတ်အတွက် စုစုပေါင်းကျပ်ငွေ သန်း ၂ သောင်းနီးပါး တောင်းခံထားပြီး၊ အဲဒီထဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာ MPC အဖွဲ့ကဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုမယ့်ငွေကို အခုလိုထည့်သွင်းထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က

"နိုင်ငံတော်သမ္မတရုံးက ဒီလုပ်ငန်းစီမံကိန်းအသစ်ထဲမှာ တိုင်းရင်းသားနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လျာထားခြင်းဆိုပြီးတော့ သန်း ၇ ထောင် လျာထားပါတယ်၊ ငြိမ်းချမ်းရေးအတွက် အပါအဝင် စုစုပေါင်း စုစုပေါင်း သန်းတစ်သာင်း ကိုးထောင် ခြောက်ရာ ကိုးဆယ့်လေးသန်း ပြထားပါတယ်၊ အသေးစိတ်ရှင်းလင်းချက်မပါဘူး" လို့ပြောပါတယ်

သမ္မတရုံးက အခုတောင်းခံထားတဲ့ငွေသန်း ၂ သောင်းထဲမှာ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်မှာ အခမ်းအနားတွေကျင်းပဖို့ ကျပ် သန်း ၇ ထောင်ကျော်၊ အဲဒီအခမ်းအနားတွေပြုလုပ်မယ့် အဆောက်အအုံတွေသုံးစွဲဖို့ ကျပ်ငွေ သန်း ၃ ထောင်ကျော်နဲ့ နေပြည်တော် သန့်ရှင်းသာယာလှပရေးနဲ့ စည်ပင်သာယာရေးမှာ သုံးစွဲဖို့ ကျပ် သန်း ၁ ထောင့်သုံးရာကျော် တင်ပြတောင်းခံတာလို့ သိရပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့လုပ်ငန်းတွေ စတင်လည်ပတ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ EU ဥရောပသမဂ္ဂအဖွဲ့က ယူရိုငွေ ၇ သိန်းမတည်ပေးခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ယူရိုငွေသန်း ၃၀ ထောက်ပံ့ပေးမယ်လို့ EU အဖွဲ့က ကတိပြုခဲ့တာရှိပါတယ်။

ကွန်မင့်များ (4)
Share

(

That is too much money.... why do you need that much when the country is so poor and while people are starving everywhere....


Jan 23, 2014 02:05 PM

အမည်မဖော်လိုသူ

ပန်းလှိုင်တံတားအနီး ကျူးကျော်တဲ ၂၀၀၀ ဖျက်ဆီးခဲ့
“၀ိုင်းယူ ၀ိုင်းခိုးေ ၀ိုင်းစား” စနစ်ဆိုးကို ဆက်လက်ကျင့်သုံးတဲ့
လက်ရှိအစိုးရရဲ့ တာဝန်မဲ့ လုပ်ရပ်တခု ဖြစ်တယ်
နိုင်ငံတော်အတွက် အလုပ်လုပ်မယ့် စိတ်ရင်းနဲ့နှလုံးသား ဖြူစင် လူ မရှိ တာ ကျွန်ပ်တို့  ပြည်သူတွေကတော့ သိပ်ရှက်တယ်။

Jan 19, 2014 04:31 AM

maunghanwin

နေရပ်- japan

ဒီဟာလုံးဝလက်မခံပါ ငြိမ်းချမ်းရေးလုပ် စိတ်ရင်းနဲ့နှလုံးသား ဖြူစင်ဖို့ပဲလိုပါသည် စားပွဲဝိုင်းမှာမှာအားလူံးလက်ဖက်ရည်သောက် စကားပြောပြီး ငွေသန်း၇၀၀၀တောင်းတာ သူခိုးတွေကြီးပဲ

Jan 17, 2014 01:38 PM

အမည်မဖော်လိုသူ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံခြားက “ကူငွေ” အပြင် ကျပ် သန်း (၇၀၀၀)ကျော်ကို ဘယ်လိုသုံးသလဲဆိုတာ ပွင့်လင်းမြင်သာအောင် ချပြသင့်ပါတယ်။ ဆွေးနွေးပွဲဓါတ်ပုံမှာတော့ ရေသန့်ပုလင်းတွေပဲ တွေ့မြင်နေရပါတယ်။

Jan 17, 2014 02:47 AM

ဆိုက်တခုလုံးသို့