ဘတ်ဂျက်စစ်ဆေးရေး ဖွဲ့စည်းဖို့အဆို လွှတ်တော်မှာ ပယ်ချ

နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှု စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆိုတရပ်ကို ဒီမိုကရေစီ အင်အားစု လွှတ်တော်အမတ်တွေက လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပေမယ့် ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အများစုက ကန့်ကွက်ခဲ့ တာကြောင့် ပယ်ချခံရတယ်လို့ သိရပါတယ်။
2011-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
(Photo: AFP / MRTV)

အဆိုတင်သွင်းတဲ့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ဘတ်ဂျက်လိုငွေ ပြတာ၊ သုံးစွဲတာနဲ့ ပတ်သက်ပြီး အချိန်ကာလ တရပ်အတွင်း ပြန်လည် ဖြည့်တင်းနိုင်အောင် ထိန်းချုပ် စောင့်ကြည့်သွားမယ့် အဖွဲ့တရပ် ဖွဲ့စည်းဖို့ အဆိုတင်ခဲ့ပေမယ့် ဝိုင်းဝန်းကန့်ကွက်တဲ့ဒဏ်ကို ခံလိုက်ရတယ်လို့ အာအက်ဖ်အေကို ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ခွဲဝေ သုံးစွဲနေသလဲ ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေးခွင့် မရဘူးလို့လည်း သိရပါတယ်။

အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ အမတ်တွေ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို အစိုးရသတင်းစာတွေမှာ ဖော်ပြခွင့်မရဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အမတ်တွေက ပြောဆိုနေကြပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

ကြောက်တာပေါ့စားထားတာများပြီလေ
ဒီနိုင်ငံမှာလမ်းသွားရင်နဲ့ တောင်တွေ့ နေရတဲ့သတောင်းစားဦးထုပ်ဖြူတွေရယ်ဒီလောက်အရှုံးပေါ်နေတဲ့
မြန်မာ့မီးရထားမှာတောင်စက်ခေါင်းမောင်းကငါးသိန်းဖုန်းခါးကြား
ချိတ်နေတာတွေစဉ်စားကြည့်လေဘာကြောင့်လဲခိုးတာလေခိုးတာ
သူ့ လစာကရတာမှ၆၀၀၀၀မှ၁၀၀၀၀၀ပေါ့ငါးသိန်းတန်ထွက်လို့ 
ရက်ပိုင်းပဲရှိသေးတယ်သူက၀ယ်လိုက်တယ်ဆိုတော့ဟားဟား
ထပ်မရေးတော့ဘူးဟီးသနားလို့ 

Sep 18, 2011 12:26 AM

အမည်မဖော်လိုသူ

အဲလောက်လည်း ကြောက်စရာမလိုပါဘူး.. ကိုယ်မှန်တယ်ထင်ရင် စရင်းပြနိုင်ရမှာပေါ့...
မကြောက်ပါနဲ့ ။ ။

Aug 30, 2011 05:22 AM

အမည်မဖော်လိုသူ

No Suprise at All. Who,the most CORRUPTED on the earth, will allow a CHECKING on Them?

Aug 29, 2011 09:02 PM

ဆိုက်တခုလုံးသို့