မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းစစ်တပ်က ဖမ်းဆီး

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်မယ့် ကလေးငယ် ၃ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးမှာ ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

2012.04.09

မယ်ဟောင်ဆောင်မြို့အနီး မယ့်စကစ်ဆိုတဲ့ ရွာနားက တောလမ်းတစ်နေရာမှာ ထိုင်းအထူးလျှို့ဝှက်တပ် အမှတ် ၁၇ တပ်ဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မယ်ဟောင်ဆောင်မြို့နယ် ရဲစခန်းက ရဲအရာရှိတစ်ဦးက-

"သူတို့ အားလုံးဟာ ဟိုမိန်းနဲ့ လွိုင်ကော်ဘက်က လာကြတာဖြစ်ပါတယ်။ တောလမ်းအတိုင်း လမ်းလျှောက်လာချိန်မှာ ထိုင်းစစ်တပ်နဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့အတွက် ကြားပွဲစားကို တစ်ယောက် ထိုင်းဘတ်ငွေ ခြောက်ထောင်စီ ကုန်ကျခဲ့ရပြီး ကရင်နဲ့ ရှမ်းလူမျိုးတွေ ဖြစ်ကြတယ်" လို့ပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ကလေးငယ် ၃ ဦးအပါအဝင် အမျိုးသမီး ၉ ဦး၊ အမျိုးသား ၃ ဦးနဲ့ ကိုရင် ၂ ပါး တို့ ဖြစ်ပြီး သူတို့တွေထဲမှာ ရှမ်းပြည်နယ် မိန်းနိုင်း၊ မောက်မိုင်၊ မိန်းကိန်း စတဲ့မြို့နယ်တွေမှာ နေထိုင်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သူတို့အားလုံးဟာ မြန်မာနိုင်ငံ ဟိုမိန်းမြို့ကတဆင့် ထိုင်းမြန်မာနယ်စပ် ဟွေ့ဖိန့်ရွာကနေ တောလမ်းအတိုင်း ၅ ရက်ကြာ လမ်းလျှောက်ခဲ့ပြီးနောက် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်းနိုင်ငံသားတစ်ဦးရဲ့ အကူအညီနဲ့ ချင်းမိုင်မြို့ကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ တစ်ယောက်ကို ထိုင်းဘတ်ငွေ ခြောက်ထောင်နဲ့ ညီမျှတဲ့ မြန်မာငွေ ကျပ် ၂ သိန်းစီ ကုန်ကျထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-09 16:58

Pls look at those poor people Mr. President, they can't find and eat in country, so that they leave country and go neighbour country, they get arrest. I wanna request Mr. President pls look first at those poor people in Myanmar, we will appreciate that, thank you Mr. President, I really, if you would...