မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ GE ကုမ္ပဏီ စဉ်းစားနေ

Augusta State University
GE လို့အတိုကောက်ခေါ်တဲ့ General Electric Co ရဲ့ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John Rice က မြန်မာပြည်ဟာ လူဦးရေ သန်း ၆၀ ရှိပြီး
သယံဇာတ ကြွယ်ဝတဲ့အပြင် အခုအခါ အစိုးရက ဈေးကွက်တွေကို ဖွင့်ပေးနေတဲ့အတွက် မိမိတို့အနေနဲ့ သွားရောက်လုပ်ကိုင်ဖို့
အာရုံစိုက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း မနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ GE ကုမ္ပဏီ အကြီးအကဲ မစ္စတာ Rice က မကြာခင် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို
မိမိသွားရောက် လေ့လာမယ်၊ အခုလို အစိုးရက ဈေးကွက်ဖွင့်လာတာကို မိမိတို့က ပါဝင်ကူညီရမယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
အမေရိကန် GE ကုမ္ပဏီဟာ အခြေခံ လူသုံးလျှပ်စစ်ပစ္စည်းတွေကနေ လေယာဉ်ပျံ အင်ဂျင်တွေ၊ တာဘိုင်စက်တွေအထိ ထုတ်လုပ်တဲ့
ကုမ္ပဏီဖြစ်ပါတယ်။