မြန်မာအလုပ်သမားတွေခေါ်ယူဖို့ မလေးရှားကစဉ်းစား

အိမ်ဖော်တွေအပါအဝင် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

2012.03.29
malaysia-illegal-workers-305 မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေ တဲ့ နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်
AFP

နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာဘက်က တောင်းဆိုချက်အပေါ် စဉ်းစားဖို့ သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကို အိမ်ဖော်လုပ်ငန်းအတွက် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဆက်လက်ဆွေးနွေးစရာတွေ ရှိနေသေးကြောင်း၊ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးဖြစ်ကြောင်း၊ မလေးရှားယဉ်ကျေးမှုနဲ့ အံဝင်အောင်နေတတ်မယ်ဆိုရင် မြန်မာရဲ့အဆိုပြုချက်ကို လက်ခံဖို့ မခက်ခဲကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က မလေးရှား သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မလေးရှားမှာ အိမ်ဖော်တွေ အနိုင်ကျင့် အနှိပ်စက်ခံရတဲ့ ပြဿနာတွေ မကြာခဏ ပေါ်ပေါက်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အိမ်ဖော်ကိစ္စနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရနဲ့ ပြဿနာဖြစ်ခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားအစိုးရက သူ့နိုင်ငံသားတွေ မလေးရှားကို အိမ်ဖော်အဖြစ် မလွှတ်တော့ပါဘူး။ အဲဒါကြောင့် မလေးရှားမှာ နိုင်ငံခြားသားအိမ်ဖော်တွေ အသည်းအသန် လိုအပ်နေတာဖြစ်ပါတယ်။

လက်ရှိအားဖြင့် မလေးရှားမှာ 6P အစီအစဉ်နဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသားပေါင်း နှစ်သိန်းခွဲလောက် ရှိနေကြောင်း မြန်မာအစိုးရကို ပြောဆိုခဲ့တယ်လို့လည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-01 00:31

မြန်မာ အမျိုးသမီးမိန်းကလေးများအနေဖြင့် မလေးရှားနိုင်ငံတွင် အိမ်ဖော်အဖြစ် မလာရောက်လျှင်ပိုသင့်တော်ပါ၏့ ဤနိင်ငံတွင်အထူးသဖြင့်အများစုမှာအခက်အခဲဖြင့် ရင်ဆိုင်နေရပါကြောင်း၊့အထူးသဖြင့်နှိမ့်ချဆက်ဆံမှုများအားသည်းခံနိုင်လိမ့်မည်မဟုတ်ဟုကျွှနုပ်နှင့်သူငယ်ချင်းများကမြင်မိ၍မလာရောက်ရန်အထူးမေတ္တာရပ်ခံပါ၏

Anonymous
2012-03-29 22:59

အိမ့်ဖော်တော့ ရွှေတွေမလာခဲ့ နဲ့ ဟေ့  ၇ည်နွေးပူနဲ့ လောင်ခံ ရတာနဲ့  အိမ့်ထဲ့ ကအိမ့်ပြင်မထွက်ရတာနဲ့  များနေတယ် အိမ့်ဖော်တော့လုံးဝမကောင်ပါ

Anonymous
2012-03-29 17:39

Ban for myanmar maid, myanmar maid is not suitable for malaysia home. Because there is different religion and different culture.

Anonymous
2012-03-30 10:44

မလေးက အိမ်ဖေါ်ဆိုတာ အိမ်က ယောကျာင်္းတွေ အပြင်ထွက်မကမြင်းအောင်လို့ မိန်းမလုပ်သူတွေက လင် ယောကျာင်္းတွေတွက် အိမ်မှာ အဖေါ်အဖြစ်ထားတာက များတယ်လေ။ ကဲ ယောကျာင်္းလေး အိမ်ဖေါ်ဒီကောင်တွေ ခန့် မှာလား မေးကြည့် အိမ်ဖေါ်ဆိုဘာလို့ မိန်းကလေးမှရွေးခန့် တာလဲ။

Anonymous
2012-03-30 20:23

အဘ သိန်းစိန်ရေ။ မလေးရှားက မြန်မာကို သာသာနဲ့ နာနာ နိပ်ကွက်လိုက်တာပဲ။ မြန်မာလူမျိုးကို အိမ်ဖော် အဆင့်ထားပီး ဆက်ဆံတယ်ဆိုတော့ စဉ်းစားပေတော့။ မလေးရှားမှာ မြန်မာတွေ က အနှိမ်ခံရတဲ့ လူတန်းစားတွေထဲပါဝင်နေဆဲပါ။ အိမ်ဖော်အနေနဲ့ တော့ မလွတ်ပါနဲ့ ။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ သိက္ခာကျပါတယ်။ အဘ သိန်းစိန်သာ ရှက်တတ်မယ်ဆိုရင်ပေါ။့ မြန်မာ နိုင်ငံသားတွေကို ပညာရေးကို အဓိက ဖွံ့ ဖြိုးတိုးတက်အောင်လုပ်ပေးပါ။ ယုံကြည်ချက် ခိုင်မာအောင်လဲလုပ်ပေးပါ။ သူများနိုင်ငံမှာ ကျွန်ခံရမယ့်အတူတူ အိမ်ဖော်တော့မလုပ်ခိုင်းပါနဲ့ ။ မြန်မာ အမျိုးသမီးများကို။

Anonymous
2012-03-30 02:32

အိမ်ဖော်အလုပ်နဲ့မလာကြပါနဲ့မြန်မာနိုင်ငံမြန်မာလူမျိုးသိက်ခါကျတယ် စားစရာမရှိရင်အသေသာခံလိုက်အိမ်ဖော်အလုပ်တော့မလုပ်ကြပါနဲ့ မလေးရှားအစိုးရကမြန်မာကိုအထင်သေးလို့အိမ်ဖော်ခေါ်မယ်ပြောတာပါမလေးရှားအစိုးရကတော်တော်လူလည်တွေနှော် မြန်မာနိုင်ငံလာသွားတဲ့အခုဝန်ကြီးနာဂျစ်လည်တာတောင်မှဖျင်ဘဲ,