စာနယ်ဇင်း လွတ်လပ်မှုအနည်းဆုံး ၅ နိုင်ငံတွင် မြန်မာပါဝင်

ကမ္ဘာ့သတင်းနဲ့စာနယ်ဇင်း လွတ်လပ်မှုအကင်းမဲ့ဆုံး ၁၇၈ နိုင်ငံမှာ မြန်မာနိုင်ငံက နောက်ဆုံး ၅ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ ဒီနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2010.10.20
election_news_305_z.jpg ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရက ၂၀ဝ၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့် သတင်းကို လမ်းဘေး စာနယ်ဇင်းဆိုင်တခုတွင် ဖတ်ရှုနေသည့် သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

 မြန်မာနိုင်ငံဟာ လာမဲ့ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတာတောင် စစ်အစိုးရက ဆင်ဆာ ဖြတ်တောက်နေတာတွေ၊ မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ထားတာတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုသတင်း တွေနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာတာလည်း မတွေ့ရသလောက်ပဲလို့ ဆိုပါတယ်။

ဒီအစီရင်ခံစာအရ စုစုပေါင်း ၁၇၈ နိုင်ငံ ဖော်ပြထားရာမှာ မြန်မာနိုင်ငံက အဆင့် ၁၇၄ မှာ ရောက်နေပြီး၊ မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အဆင့် ၁၇၁ မှာ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဆင့် ၁၂၆ မှာ ရှိနေတဲ့အတွက် မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ရင် သတင်းလွတ်လပ်ခွင့် အများကြီး ရှိနေပါတယ်။

အခုထုတ်ပြန်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့RSF ရဲ့ အစီရင်ခံစာဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ချိုးဖောက်ခံရမှုတွေအပေါ်မှာ တွက်ချက်ပြီးမှ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ဒါကြောင့် ဒီနှစ်အစီရင်ခံစာအရ အာရှနိုင်ငံအများစုက မီဒီယာလွတ်လပ်ခွင့် အနည်းဆုံး ဖြစ်နေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုနေရိန်ကျော်က စုစည်း တင်ပြပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-10-20 04:04

GOOD