မြန်မာ့ စီးပွားရေးလွတ်လပ်မှု ကမ္ဘာမှာ အနိမ့်ဆုံးစာရင်းဝင်

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတ်လပ်မှု စောင့်ကြည့်ရေး Global Economic Freedom အဖွဲ့က ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဆိုင်ရာ အချက်အလက်တွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို စီးပွားရေးလွတ်လပ်မှု ဆဋ္ဌမမြောက် အနိမ့်ဆုံးနိုင်ငံအဖြစ် အမှတ်စဉ် ၁၇၄ မှာ ဖော်ပြထားကြောင်း သိရပါတယ်။

2011.01.15
poor_scene_305_z ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုတွင် စားဝတ်နေရေးအတွက် အမှိုက်ကောက်နေသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အခုလို မြန်မာနိုင်ငံမှာ စီးပွားရေးလွတ်လပ်မှုတွေ ဆိပ်သုဉ်းနေရတဲ့ အခြေခံ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီး သြစတြေလျ အခြေစိုက် မြန်မာ့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အခုလို သုံးသပ်ပါတယ်။

“အကြောင်းရင်းကတော့ အများပြည်သူူကို ကိုယ်စားပြုတဲ့ အစီအစဉ်လုပ်ရပ်တွေကို စစ်အာဏာရှင် အစိုးရအနေနဲ့ အကောင်အထည် မဖော်ခဲ့လို့ပေါ့။ အဲဒါက အဓိကပဲ။ နောက်တခုက အများပြည်သူရဲ့ ဘဝရပ်တည်ရေး လုပ်ငန်းတွေကို အကျိုးမပြုဘဲနဲ့ စစ်တပ်နဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ အကျိုးကို ကိုယ်စားပြုတဲ့ စီးပွားရေး မူဝါဒတွေ အစီအစဉ်တွေကို ချမှတ်ခဲ့တာ။ နောက်တခုကတော့ စစ်အာဏာရှင်အစိုးရ အနေနဲ့ ဒီနေ့တမျိုး နက်ဖြန်တမျိုး ချမှတ်တဲ့ စီးပွားရေးမူဝါဒတွေ။ အဲဒါကြောင့် ကျနော်တို့ဟာ တဖြည်းဖြည်း ဆင်းရဲတဲ့နိုင်ငံ၊ တခါတည်း ချောက်တွင်းထဲမှာကျနေတယ်”

Global Economic Freedom အဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လွတ်လပ်ခွင့် သုံည ရာခိုင်နှုန်း၊ ငွေရေးကြေးရေး လွတ်လပ်မှု ၁ဝ ရာခိုင်နှုန်း၊ ပိုင်ဆိုင်မှုလွတ်လပ်ခွင့် ၅ ရာခိုင်နှုန်း၊ အလုပ်သမား လွတ်လပ်ခွင့် ၂ဝ ရာခိုင်နှုန်း၊ ငွေကြေး ထိန်းချုပ်နိုင်မှု လွတ်လပ်ခွင့် ၅၆ ရာခိုင်နှုန်း၊ ကုန်သွယ်မှု လွတ်လပ်ခွင့် ၇၂ ရာခိုင်နှုန်း နဲ့ အစိုးရက အသုံးစရိတ် လွတ်လပ်ခွင့်ရတာ ၉၈ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါတယ်။၏

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။