အရှေ့အလယ်ပိုင်း လူထုဆန္ဒပြပွဲများ မြန်မာပြည်သူတွေ အနီးကပ်စောင့်ကြည့်နေ

(Photo: AFP)
NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တာကို RFA ကို အခုလို ပြောပြပါတယ်။
“အီဂျစ်တပ်ကတော့ ပြည်သူလူထုကို ပြန်ပြီး တိုက်တာမတိုက်တာ ရှိတဲ့အတွက် ပြောင်းလဲသွားတဲ့ ပုံစံက Hosni Mubarak ထွက်သွားရတယ်။ ဒါပေမယ့် လစ်ဗျားကျတော့ ဒီလိုမဟုတ်ဘူး။ ဂဒါဖီကျတော့ အပြင်းအထန် နှိပ်ကွပ်နှိမ်နင်းပြီးတော့ ဒီနေ့အထိ သွေးထွက်သံယို ပြဿနာတွေ ဖြစ်နေတာ တွေ့ရတယ်ပေါ့။ အဲဒီနှစ်ခုအပေါ်မှာ အမြဲတမ်း အခြေအနေကို မပြတ် စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောကို ပြောသွားတာပဲ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆိုလိုရင်းကိုလည်း ဦးတင်ဦးက အခုလို ဆက်ရှင်းပြသွားပါတယ်။
“ပြည်သူလူထုဆန္ဒနဲ့ ပတ်သက်ပြီး အေးအေးချမ်းချမ်းဖြစ်အောင် ပြတယ်ဆိုရင် တပ်ဟာ ပြည်သူလူထုကို လက်နက်နဲ့ နှိပ်ကွပ်တာ မလုပ်သင့်ဘူးပေါ့။ အီဂျစ်က အဲဒီလို လုပ်သွားတဲ့အတွက် ပြောင်းလဲသွားတယ်။ ဂဒါဖီ ကျတော့ သူ့တပ်ကို ခံပြီး ရက်ရက်စက်စက် နှိပ်ကွပ်တဲ့အတွက် ဒီအခြေအနေ နှစ်ရပ်ကို မျက်ခြေမပြတ် သုံးသပ်ကြည့်ရှုနေမယ်လို့ အဲဒီလိုပြောသွားတယ်လို့ နားလည်ပါတယ်”