မီးရှို့ဆန္ဒပြကွယ်လွန်သူ သင်္ဂြိုဟ်ပြီးစီး

2015-05-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်သူ ဦးမြင့်အောင် ကို မေလ ၂၁ ရက်နေ့က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ မှာတွေ့ရစဉ်
ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့တဲ့ တောင်သူ ဦးမြင့်အောင် ကို မေလ ၂၁ ရက်နေ့က တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ မှာတွေ့ရစဉ်
Photo: Khun Zaryar/RFA

စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ ကြာသပတေးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြတောင်းဆိုပြီးနောက် တောင်ကြီးဆေးရုံ မှာ သောကြာနေ့က ကွယ်လွန်သွားတဲ့ တောင်ကြီး မြို့နယ် ရေပူရွာက တောင်သူဦးမြင့်အောင်ရဲ့ ရုပ်အလောင်းကို မနေ့က သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။

သက်ဆိုင်ရာက ကျန်ရစ်သူမိသားစုဝင်တွေအကြောင်း မနေ့ကလာရောက် မေးမြန်းသွားပေမယ့် တစုံတရာ ပြောဆိုခဲ့တာတော့ မရှိဘူးလို့သိရပါတယ်။ ဦးမြင့်အောင်ရဲ့ဈာပနကို တောင်သူတွေရာနဲ့ချီပြီး လိုက်လံပို့ဆောင်ကြပြီး မေလ ၂၈ ရက်နေ့မှာ ရက်လည်ဆွမ်းကျွေး ဒါနပြုမယ်လို့ သိရပါတယ်။

ဒီကြောင်းနဲ့ပတ်သက်လို့ သူ့ကိုကူညီခဲ့တဲ့ NLD တောင်ကြီးခရိုင် ဥက္ကဌ ဦးတင်မောင်တိုးကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့