စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းမိ

2018-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
.

WY စိတ်ကြွဆေးပြား ၁ သန်းကျော်ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဘူးသီးတောင်မြို့ အမှတ်(၅) ရပ်ကွက် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်ကို မောင်းနှင်လာတဲ့ ကားတစ်စီးပေါ် ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

အဲဒီကားနဲ့အတူပါလာတဲ့ ယာဉ်မောင်းအပါအဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

မနေ့က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတန်ဖိုးဟာ ငွေကျပ် သန်း ၄ ထောင်ကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Why did the reporter never mention/ report detail on the events ? In this report, the correspondent only mention "the WY tabs seized from a truck".
Suggestion : - should mention the owner of the truck
- what type of that truck
- at least vehicle registration no. should be mentioned.

Aug 26, 2018 11:25 PM

ဆိုက်တခုလုံးသို့