ရွေးကောက်ပွဲ နိုင်ငံတကာ လေ့လာသူများ ခွင့်ပြုဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ တိုက်တွန်း
2012.02.12
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲမှာ နိုင်ငံခြားမှ သတင်းသမားများနှင့် စောင့်ကြည့် လေ့လာသူများကို လက်ခံမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရှင်းလင်း ပြောကြားသည်ကို နားထောင်နေသော နိုင်ငံခြား သံတမန်များ ဖြစ်ပါသည်။ (Photo: AFP)
ဒီကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဆန်နီက RFA ကို အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း အစိုးရ ကျောထောက်နောက်ခံပြုတဲ့ ပါတီတွေက မဲမသမာမှုတွေ လုပ်လာတာတွေ၊ စည်းမျဉ်းဥပဒေ ကျော်တာတွေ ရှိခဲ့တယ်။ အဲဒီဟာမျိုးတွေ နောက်တကြိမ် မဖြစ်အောင် အခု ရွေးကောက်ပွဲမှာတော့ တရားမျှတမှု ရှိရှိနဲ့ ဆောင်ရွက်နိုင်အောင် နိုင်ငံံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့တွေကို အစိုးရကရော ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကရော လေ့လာစောင့်ကြည့်ခွင့် ပြုစေချင်တယ်”
ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာအသီးသီးက ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကော်မရှင်ခွဲတွေ၊ ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားလှယ်တွေ၊ အောင်နိုင်ရေးအဖွဲ့တွေကို သတ်မှတ်ထားတဲ့ ဥပဒေစည်းကမ်းတွေ ကျော်ပြီး ဆောင်ရွက်တာတွေ၊ ဘက်လိုက်စည်းရုံးတာတွေ မရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ဥပဒေချိုးဖောက်မှုတွေ ရှိရင်လည်း အရေးယူပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
သူတို့ အဖွဲ့ဝင်တွေ အနေနဲ့လည်း ရွေးကောက်ပွဲ ကျင်းပတဲ့နေရာတွေမှာ လေ့လာ စောင့်ကြည့်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဆန်နီက ပြောပါတယ်။









