ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၆၉ ယောက်ရှိ

2018-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ်
၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ်
Photo: RFA

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၆၉ ယောက် ရှိပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ကနေ မနေ့က ၁၁ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ အချိန်ကာလ သတ်မှတ်ထားတာဖြစ်ပါတယ်။ အဲဒီကာလအတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၆၉ ယောက်ထဲမှာ ပါတီကိုယ်စားပြု တင်သွင်းသူ ၆၂ ယောက်ရှိပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူ ၇ ယောက်ရှိတယ်လို့ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စုစုပေါင်း နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး အဲဒီထဲမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားဖြစ်ပါတယ်။

ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကတော့ လစ်လပ် မဲဆန္ဒနယ် ၁ဝ နေရာအတွက်သာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားတယ်လို့ သိရပါတယ်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့