ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဖို့ အယူခံ ထပ်တင်
2012.02.25
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
AFP
ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်ရုံးမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကန့်ကွက်ခဲ့တာပါ။ အဲဒီ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ပယ်ချပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အယူခံလွှာကို ရန်ကုန်တိုင်း ကော်မရှင်ရုံးမှာ ထပ်တင်ခဲ့ပါတယ်။
ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲပုဒ်မ (၂၈-က) အရ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံခဲ့ကြောင်း အကြောင်းပြပြီး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီရဲ့ ကန့်ကွက်လွှာကို ပယ်ချခဲ့တာဖြစ်ပါတယ်။









