ကြားဖြတ်မဲရလဒ် မျှော်လင့်သလိုဖြစ်မလာကြောင်း မုံရွာအောင်ရှင် ပြော

2018-11-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တာမွေမြို့နယ် မဲဆန္ဒနယ် မဲရုံအမှတ် (၃) မှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က မဲရေတွက်နေစဉ်
တာမွေမြို့နယ် မဲဆန္ဒနယ် မဲရုံအမှတ် (၃) မှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က မဲရေတွက်နေစဉ်
Photo: Kyaw Zaw Win/RFA

ကြားဖြတ်ရွေးကောက်ပွဲ မဲရလဒ်ဟာ မျှော်လင့်ထားသလိုဖြစ်မလာကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ အာဏာရ NLD ပါတီက ၇ နေရာ၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ၃ နေရာ၊ ချင်းဒီမို ကရေစီအဖွဲ့ချုပ်က ၁ နေရာ၊ ကျားခေါင်းပါတီက ၁ နေရာနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့က အနိုင်ရရှိခဲ့ တာဖြစ်ပါတယ်။

NLD ပါတီဟာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ အုတ်တွင်း အမှတ် ၁ တိုင်းလွှတ်တော် မဲဆန္ဒနယ်၊ မင်းဘူး အမှတ် ၂ တိုင်းလွှတ်တော် မဲဆန္ဒနယ်၊ သပိတ်ကျင်း အမှတ် ၁ တိုင်းလွှတ်တော် မဲဆန္ဒနယ်၊ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နဲ့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တို့မှာ အနိုင်ရရှိထားပါတယ်။

ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကတော့ ဆိပ်ကမ်း အမှတ် ၂ တိုင်းလွှတ်တော် မဲဆန္ဒနယ်၊ ကချင်ပြည်နယ် အမှတ် ၂ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ တမူးမြို့နယ် အမှတ် ၂ တိုင်းလွှတ်တော် မဲဆန္ဒနယ်တို့မှာ အနိုင်ရရှိထား တာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် အမှတ် ၂ ပြည်နယ် မဲဆန္ဒနယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိပြီး လဲချားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကျားခေါင်းပါတီ၊ မတူပီမြို့နယ် အမှတ် ၁ ပြည်နယ် မဲဆန္ဒနယ်မှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့