ရွေးကောက်ပွဲ မတရားမှုတွေရှိရင် အရေးယူဖို့ ကမ္ဘောဒီးယား အတိုက်အခံ တောင်းဆို


2013.05.11

နိုင်ငံတကာဖိအားဟာ ထိရောက်တယ်ဆိုတာ မြန်မာနိုင်ငံက သက်သေပြလိုက်တာကြောင့် ကမ္ဘောဒီးယားမှာလည်း လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိခဲ့ဘူးရင် ဝန်ကြီးချုပ် ဟွန်ဆန်အပေါ် ပိတ်ဆို့အရေးယူပေးပါလို့ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်  Sam Rainsy က အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘောဒီးယားမှာ ဇူလိုင်လ ၂၈ ရက်မှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။ ဒါပေမဲ့ အတိုက်အခံခေါင်းဆောင် Rainsy ကို ဟွန်ဆန်အစိုးရက အကြောင်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲဝင်ခွင့်မပေးခဲ့ပါဘူး။

အရင်က အရှေ့တောင်အာရှရဲ့ ပြဿနာနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ခံနေရတဲ့ အခြေအနေကနေ လွတ်ကင်းသွားချိန်မှာ ကမ္ဘောဒီးယားက အရှေ့တောင်အာရှရဲ့ ပြဿနာနိုင်ငံသစ်ဖြစ်လာခဲ့ပြီလို့ ပြင်သစ်နိုင်ငံမှာ ခိုလှုံနေရတဲ့ Rainsy ကပြောပါတယ်။

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်  Sam Rainsy ဟာ မကြာခင်က  မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။