ရခိုင်ပြဿနာနဲ့ ရိုက်တာသတင်းထောက်ကိစ္စ ကနေဒါဝန်ကြီး စိုးရိမ်

2018-02-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကုလလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကို တွေ့ရစဉ်
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကုလလူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကို တွေ့ရစဉ်
Photo: Chrystia Freeland Twitter

မြန်မာနိုင်ငံမှာ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကိစ္စနဲ့ ရခိုင်ပြည်နယ်ပြဿနာအတွက် အလွန်တရာ စိုးရိမ်မိကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့ဆိုရင်၊ သတင်းလွတ်လပ်ခွင့်အပါအ၀င် အခြေခံ လွတ်လပ်ခွင့်တွေအပေါ် လေးစားသမှုရှိရပါမယ်၊ ဒါကြောင့် ရခိုင်ပြည်နယ်က ရာဇ၀တ်မှုတွေအကြောင်း သတင်း ရေးသားဖေါ်ပြ၀ံ့တဲ့ ရိုင်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးအကျဉ်းချခံထားရတဲ့အပေါ် အလွန်တရာ စိုးရိမ်မိတာဖြစ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က ပြောဆိုခဲ့ပါတယ်။

Chrystia Freeland ဟာ Thomson Reuters Digital သတင်းဌာနရဲ့ အယ်ဒီတာဟောင်းတဦး ဖြစ်ပါတယ်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့