ကိုယ်စားလှယ်လောင်းကိစ္စကြောင့် NLD ပါတီဝင်တချို့ နှုတ်ထွက်

2015-08-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ကို ကိုယ်စားပြုပြီး အန်အယ်လ်ဒီက ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဗဟိုက ရွေးချယ်ပေးလိုက်တဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို လက်မခံတဲ့အတွက် ရန်ကင်းမြို့နယ်က မြို့နယ်အဆင့် တာဝန်ရှိသူ ၁၆ ဦး တနင်္လာနေ့က နှုတ်ထွက်စာတင်လိုက်ကြောင်း သိရပါတယ်။

အောက်ခြေပါတီဝင်တွေရဲ့ သဘောဆန္ဒနဲ့ တင်ပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်တဲ့ အတွက်ကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ နှုတ်ထွက်စာ တင်ရာမှာ ပါဝင်ခဲ့သူ ရန်ကင်းမြို့နယ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်ဘုန်းဝေ က ပြောပါတယ်။

"ကျမတို့မြို့နယ်ရဲ့အခြေအနေကို ကျမတို့ကအသိဆုံးလေ၊ အဲ့ဒီလူတွေရဲ့ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင် ရာ၊ အစည်းအဝေးပိုင်းဆိုင်ရာကို ဘယ်တုန်း ကမှ၊ ဘယ်သူနဲ့မှ ထိစပ်မှုလည်းမရှိဘူး၊ ပါတီတွင်းအင်အားမှာလည်း ရင်းနှီးမှုမလုပ်နိုင်ဘူး၊ အဲ့လိုလူမျိုးတွေကိုချပေးလိုက်တာဖြစ်တဲ့အတွက် အောင်နိုင်ရေးကို ကျမတို့ဘယ်လို စခန်းသွား မလဲ၊ ဗဟိုကချပေးရင်လည်း သင့်တော်တဲ့သူ၊ တစ်ကယ်လုပ်နိုင်ကိုင်နိုင် တဲ့သူကိုချပေးရင်ကျေနပ်ပါတယ်၊ အဲ့ဒီပေါ် မှာကျမတို့နှုတ်ထွက်ရခြင်းဖြစ်တယ်"

အန်အယ်လ်ဒီပါတီ ဗဟိုက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ခဲ့ တဲ့ ဒေါ်သီတာမော်နဲ့ ဦးသိန်းဇော် တို့ကို လက်မခံတဲ့ အတွက် နှုတ်ထွက်စာတင်ခဲ့ကြတာ ဖြစ်ကြောင်းသိရပါတယ်။

ဒီအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၁ မှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှုမောင်ဟာ ကိုယ်စားလှယ်လောင်းအဖြစ် ကနေ တနင်္လာနေ့က နှုတ်ထွက်စာတင်လိုက်ပါတယ်။

ဦးရှုမောင်ဟာပြည်သူ့လွှတ်တော်အတွက် အဆိုတင်ခဲ့ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဗဟိုက သတ်မှတ်ပေးလိုက်တဲ့အတွက် လက်မခံနိုင်တာကြောင့် စာတင်လိုက်တာ ဖြစ်ကြောင်း ခန္တီးခရိုင် အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင်က ပြောပါတယ်။

"သတင်းထုတ်ပြန်ချက်အရ ခန္တီးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအား လျှောက်ထားသူ ဦးရှုမောင်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်မဟုတ်ဘဲ ခန္တီးမြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ရ မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်ခဲ့သည် ကိုတွေ့ရသည်၊ ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဆုံးဖြတ်မှုအား လက်မခံသည့်အတွက် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ်မှ တရားဝင်နှုတ်ထွက်အပ်ပါသည်"

ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး ကို ပါတီဗဟိုထံ ကိုယ်စား လှယ်လောင်း အမည်တင်သွင်းခဲ့ပြီး ဗဟိုက အမျိုးသား လွှတ်တော်အတွက် ဦးရှုမောင်၊ ပြည်သူ့လွှတ်တော်အတွက် ဦးအောင်သန်းစိန်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ဦးမောင်တေးနဲ့ ဦးသိန်းလှိုင်ဝင်း တို့ကို ရွေးချယ်ခဲ့တာဖြစ် ပါတယ်။

ကွန်မင့်များ (4)
Share

Checks & Balances

Mrs Aris failed to manage her own party organisers, and lied to the people that she is "people's leader" in Burmese Lu Duu Guang Saung, funny self-proclaimed title. Now million of people did not like her, still proclaiming as people's leader. If she can't manage NLD organisers, HOW CAN WE EXPECT HER TO MANAGE MYANMARS 55 MILLION?????
Stupid old woman who is power-crazy, presidency crazy, BULL SHIT SUU KYI.

Aug 10, 2015 10:08 PM

စိုးမောင်

နေရပ်- ဘောက်ထော်သား

ရန်ကင်းကထွက်သွားတဲ့သူတွေကနယ်မြေမှာလူထုမထောက်ခံပါဖူး။NLDဗဟိုမှ လုပ်စရာရှိတာ ဆက်လုပ်ပါ။ လူသန့် သွားတာပေါ့။

Aug 05, 2015 09:31 AM

ပေါင်ချိန်

ဗဟိုကသင့်တောလို့  ချပေးတာကို သဘောထားမကြီးနိုင်ကြပါလား
ဒါတောင် အာဏာမရသေးဖူး

Aug 05, 2015 09:21 AM

အမည်မဖော်လိုသူ

ဒါဟါ မြန်မာတို့ ရဲ့ အဓက မကေါင်းတဲ့ အကျင့်တွေပဲ။ ဒီအကျင့်ကြောင့် ပဲတိုင်းပြည်လည်း တေါ်သူမလိုချင်ဘူး ကေါင်းသူပဲလိုချင်တယ်။တို့  ငါမင်းသါးမလုပရလျှင်ပတ်မကြီးခွဲပစ်မယ်တို့  ထင်ပေါ်တဲ့ သူတွေရိုက်ချမယ်တို့  အေါက်ခြေအါဏါရှင်စနစ် တို့  ဖြစ်လါကြတါပဲ။ ငါ့လူမတက်ရလျှင်ငါလည်းမလုပ်ဘူး ဆိုတါက အထက်က လူတွေက မတရားလုပ်နေတါမှမဟုတ်တါ။ သိပ်ထင်ပေါ်ပေါက်ရောက်နေပြီး ဗြူရိုကရေစီ စိတ်ဝင်သွားလျှင် ဂျပိုကိုက်တဲ့ထိုင်ခုံထိုင်ရသလို အနာဂါတ်အတွက် ပြိုကွဲစရာတွေ။အုပ်စုကွဲစရာတွေ မဖြစ်ရအေါင် သင့်တေါ်သူကို သူတို့ ချထါးတဲ့policy အတိုင်းဘေါင်ဝင်အေါင်လုပ်တါဖြစ်မှာပါ။ ငါတကေါမကေါကြပါနဲ့  ခင်ဗျားတို့ ကြိုက်တဲ့ လူ တက်ဖို့ ကအဓိကလါး မတရားမင်းကိုဖြုပ်ချပြီး ကေါင်းသေါအစိုးရ ဖွဲ့စည်းရေးကအဓိကလါး? သိပ်လူမှုရေးပြေလည်သူတွေ လွှတ်တေါ်ရောက်သွားလျှင် လက်တွေ့ ရပ်ရေးရွာရေးမှာလုပ်သင့်တဲ့ သူဆုံးရှုံးသွားမှာပေါ့ ဒီမိုကရေစီကျကျ ဦးဆေါင်အဖွဲ့ အစည်းရဲ့ အမျှော်အမျှင်ရှိတဲ့ ဆုံဖြတိချက်ကိုလိုက်နာပြီး ကေါင်းသေါဒီမိုကရေစီသါးအဖြစ်ရပ်ပြစေချင်တယ်။ ခုလိုကလန်ကဆန်လုပ်ကြတါကတေါ့။ အေါက်ခြေအါဏါရှင်စနစ်ပဲ။ ကိုယ့်ဟာကိုယ်ပြန်တွေးကြပါဦး။နောကလူတွေက နားမလည်ပဲလိုက်လုပ်ကြလျှင် ခင်ဗျားတို့ တရားခံပဲ။ အမေရိကန်သမတတိုင်းက နောက်သမတတက်လါလျှင် သူတို့ ရဲ့ နောက်လိုက်တွေကိုနောက်သမတကို ပံ့ပိုးကြဖို့ အမြဲပြောတယ်။ အဲဒါမှဒီမိုကရေစီ

Aug 04, 2015 04:59 PM

အမည်မဖော်လိုသူ

ဒီတခါ​တော့ အမည်​မ​ဖော်​လိုသူက အမှန်​​ပြောသားပဲ
အခုကပတ်​မကြီးတီး​နေတာ​လေ၊ ပါတီကမူအရသင့်​​တော်
လို့ ​ရွေးထားရင်​ လက်​ခံရမှာ​ပေါ့

Aug 05, 2015 10:25 AM

ဆိုက်တခုလုံးသို့