ဗဟိုဘဏ်ဖွဲ့စည်းပုံအသစ် ရက်ပိုင်းအတွင်း အတည်ပြုမည်


2013.07.10

မြန်မာနိုင်ငံအစိုးရက ဗဟိုဘဏ်ကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုအဖြစ် မကြာခင်ရက်ပိုင်းအတွင်း ဥပဒေထုတ်ပြန်မယ်လို့ သတင်းရပါတယ်။

ဒါဟာ နိုင်ငံခြား မြုပ်နှံသူတွေကို ဆွဲဆောင်ရေးအတွက် မြန်မာပြည်ရဲ့ စီးပွားရေးဆိုင်ရာနောက်ဆုံး အစီအမံတခုဖြစ်ပါတယ်။

ဗဟိုဘဏ်ဖွဲစည်းပုံ ဥပဒေအသစ်ကို တနင်္လာနေ့က လွှတ်တော်မှာအတည်ပြုခဲ့ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်က လာမယ့်တနင်္ဂနွေနေ့ ဥရောပခရီးမထွက်ခင် အတည်ပြုလက်မှတ်ထိုးမယ်လို့သိရပါတယ်။

မြန်မာအရာရှိတဦးက ဒါဟာ နိုင်ငံတကာအဆင့်နဲ့ညီအောင်ဆောင်ရွက်တာဖြစ်ပါတယ်၊ အခုပြဌာန်းမယ့်ဥပဒေအရ ဗဟိုဘဏ်ဟာ အခွန်ငွေနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံမဟုတ်တော့ပဲ ပိုမိုလွတ်လပ်စွာ ဆောင်ရွက်နိုင်မယ် လို့ပြောပါတယ်။

နိုင်ငံတော်သမ္မတက ဗဟိုဘဏ် ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ တွေကို ခန့်အပ်တာဝန်ပေးမယ်လု့ိလည်း ဆိုပါတယ်။ တကယ် လက်တွေ့ဘယ်လို ဘယ်လောက် လွတ်လပ်စွာလုပ်ကိုင်နိုင်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဖူးလို့ အေအက်ဖ်ပီ သတင်းမှာဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။