ဗဟိုဘဏ်ဥက္ကဌနဲ့ ဒုဥက္ကဌ သစ်တွေကို လွှတ်တော်က အတည်ပြု


2013.07.30

နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌ () ဦးကို ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုလိုက်ပါတယ်။

ဒီေန့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအေးမှာ နာယက ဦးခင်အောင်မြင့်က အတည်ပြုကြောင်း ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌအဖြစ် ၁၉၉၇ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အထိ ဗဟိုဘဏ်ဥက္ကဌ တာန်ယူခဲ့ဖူးတဲ့ ဦးကျော်ကျော်မောင်နဲ့  ဒုဥက္ကဌ () ဦးအဖြစ် ဦးဆက်အောင်၊ ဦးသန်းငြိမ်းနဲ့ ဒေါ်ခင်စောဦးတို့ကို တာန်ပေး ခန့်အပ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်ဟာ ယခင်က သီးခြားလွတ်လွတ်လပ်လပ် ဆာင်ရွက်ခွင့်မရှိခဲ့ပဲ အစိုးရရဲ့ ဘဏ္ဍာရေးနဲအခွန်န်ကြီး ဌာနအောက်မှာ ရှိခဲ့တာပါ။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တော့ အပြောင်းအလဲတွေ လုပ်ဆောင်လာရာမှာ  ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်တဲ့အဖွဲ့ အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဗဟိုဘဏ် အကြီးအကဲတွေ ခန့်အပ်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့တဲ့ ဇူလိုင်က ၂၅ ရက်နေ့က  ပြည်ထောင်စု လွှတ်တော် နာယကထံ သဏ်လွှာပေးပို့ခဲ့တာပါ။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ တခဲနက် သဘောတူအတည်ပြုတာလည်း ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရတနာဦးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။